စစ်တွေတွင် လျှပ်စစ်မီးသုံးစွဲခတိုးကောက်ရန်အတွက် ကုမ္ပဏီများက တောင်းဆိုခြင်းကို ကန့်ကွက်သဖြင့် လျှပ်စစ်မီး တစ်မြို့လုံးဖြတ်တောက်

ပို့စ်တင်ချိန် - 8/08/2013 10:52:00 AM


သြဂုတ် ၇ ရက် ၊rsv

ယနေ့ သြဂုတ်လ ၇ ရက်နေ့က စစ်တွေမြို့တွင် လျှပ်စစ်မီးသုံးစွဲခ တစ်ယူနစ် ၄၈၀ အထိ တိုးကောက် မည်ဟု မြို့ပေါ် ရပ် ကွက်အသီးသီးမှ ရပ်ကွက်လူကြီးများအား ဖိတ်ခေါ်ကာ ဖိုးသီးချိုကုမ္ပဏီအပါအ၀င် မီးပေး သည့်ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒေသခံများက ဖိုးသီးချိုကုမ္ပဏီ၏ အစိုးရမှ ဆီမပေးသဖြင့် မီးသုံးစွဲခြင်းကို တိုးမြှင့်ရန်ရှိသည်ဟု ပြော ဆိုခြင်း ကို တက်ရောက်လာသည့် မြို့ခံများက ကန့်ကွက်ကဲ့ကြကြောင်း သိရသည် ။

ယင်းအတွက် စစ်တွေမြို့တစ်မြို့လုံးအား လျှပ်စစ်မီးပေးမှုအား ဖိုးသီး ချိုကုမ္ပဏီက ညနေ၇နာ ရီ ခန့်မှ စကာ မီးဖြတ်တောက်ထားခြင်းဖြစ်သည်။ ယင်း အကျိုး ဆက်ကြောင့် ဒေသခံများအနေဖြင့် မကျေ မနပ်ဖြစ် နေကြပြီး လျှပ်စစ်မီးပေးသည့် ကုမ္ပဏီများအနေဖြင့် မြို့လူထုဆန္ဒကို ဆန့်ကျင်နေလျင် ရှေ့ဆက် အကျိုး ရလဒ်ကောင်း မွန်မည် မဟုတ်ကြောင်း လည်း ပြောဆိုနေကြသည်။

လျှပ်စစ်မီးပေးမည့်ကုမ္ပဏီများမှာ မိမိတို့အကျိုးတစ်ခုတည်းကိုသာကြည့်ပြီး သက်ဆိုင်ရာနှင့်ပူးပေါင်းကာ ဒေသ ခံများအား အလေးမထားပဲ လုပ်ဆောင်နေကြောင်း၊ယင်းအပြင်အဆိုပါကုမ္ပဏီများမှာ မြို့လူထု၏ တောင်း ဆိုချက် အရ ပေါ်လာခြင်းမဟုတ်ဘဲ ကုမ္ပဏီကောင်းစားရေးအတွက် လုပ်ဆောင် နေခြင်းဖြစ် သည့် အပြင် ရခိုင်ပြည်သူလူထုကိုဂုတ်သွေးစုပ် နေခြင်းသာဖြစ်ကြောင်းလည်းပြောကြ သည်။

ရခိုင်ပြည်နယ်မှသဘာဝဓါတ်ငွေ့ဖြင့်တရုတ်နိုင်ငံလျှပ်စစ်မီးအတွက် ဆောင်ရွက်နေပြီဖြစ်သော်လည်း ရခိုင်ပြည် သူများအတွက် သဘာဝဓါတ်ငွေ့ကို သုံးစွဲခြင်း ရရေး အတွက် အစိုးရ အနေဖြင့် မည်သည့် လုပ်ဆောင် မှုမျိုးလည်း လုပ်ဆောင်ခြင်းမရှိကြောင်းလည်း ပြောကြသည်။

From: RSV