American Center for Education

ပို့စ်တင်ချိန် - 1/23/2014 11:34:00 AM


စင်ကာပူနိုင်ငံ American Center for Education သည် အမေရိကန် University of Wisonsin River Falls နှင့် ပူးပေါင်း၍ Liberal Arts နှင့် American General Education ပညာရေးကို သင်ကြားပို့ချသည့် စင်ကာပူနိုင်ငံတွင် တစ်ခုတည်းသော ပုဂ္ဂလိကကျောင်း ဖြစ်သည်။ University of Wisconsin System သည် တက္ကသိုလ် ၁၃ ခုနှင့် ဖွဲ့စည်းထားကာ နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ ၁၈၀၀၀၀ ကျော် တက်ရောက်နေသည်။ ပြည်နယ် တစ်ခုလုံး Campus များ အနှံ့ ဖွင့်လှစ်ထားကာ UWRF လည်း တစ်ခု အပါအဝင်ဖြစ်ပြီး ၁၈၇၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ Princeton Review နှင့် US New & World Report အဆင့် သတ်မှတ်ချက် အရ American Best College များထဲတွင် ပါဝင်သည်။ ထို့အပြင် ACE တွင် GCEO Level နှင့် English Language Program များလည်း သင်ယူနိုင်သည်။



မြန်မာနိုင်ငံတွင် လေ့လာသင်ယူလိုပါက American Credit Council မှ အသိအမှတ် ပြုထားသည့် Global Assessment Certificate ကို ၁၀ လ လေ့လာ သင်ယူပြီး SAT ရမှတ်များ ပြင်ဆင်စရာ မလိုအပ်ဘဲ အမေရိကန် ပြည်ထောင်စုသို့ တိုက်ရိုက် ဖြစ်စေ၊ American Center for Education (Singapore)  မှ ဖြစ်စေ ဆက်လက် လေ့လာသင်ယူနိုင်မည် ဖြစ်သည်။



ACE ပညာရေးကျောင်းတွင် အဆင့်မြင့် ပညာရေးအတွက် လိုအပ်သော ပြင်ဆင်မှုများ အပြင် အောက်ပါ ပရိုဂရမ်များကိုပါ တက်ရောက် သင်ယူနိုင်စေမည် ဖြစ်သည်။



1. Diploma in American Liberal Arts (DALA)

ကျောင်းသားများ၏ သမိုင်း၊ ဘာသာစကားနှင့် စာပေရေးရာများကို သိရှိနိုင်စေမည့် သင်တန်းဖြစ်ပြီး ယခု ACE က ပေးအပ်ထားသည့် OALA ၏ သင်ရိုးအပိုင်း Module များအားလုံးကို UWRF (University of Wisconsin River Falls) တက္ကသိုလ်ရှိ သင်ရိုးညွှန်းတမ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော သင်တန်းများပေါ်တွင် တိုက်ရိုက်ကူးယူကာ သင်ကြားပေးခြင်း ဖြစ်သည်။ ယခု DALA သင်တန်းများမှာ သက်ဆိုင်ရာ အရေးပါပုံကိုပါ ထိတွေ့သိရှိသွားစေမည် ဖြစ်သည်။



2. Diploma in Business Administration (DBA)စီးပွားရေး စီမံခန့်ခွဲမှု ကျွမ်းကျင်ရေးဆိုင်ရာ ဘာသာရပ်တစ်ခုဖြစ်ပြီး အစဉ်အမြဲ ပြောင်းလဲနေသော စီးပွားရေးနှင့် ကမ္ဘာ့ရေးရာ အခြေအနေများထဲတွင် သွက်လက်မှု လှုပ်ရှားပြီး စိန်ခေါ်မှုများ ရှိနေသော အသက်မွေးဝမ်း ကျောင်းလုပ်ငန်း တစ်ခုကို ရရှိစေနိုင်မည် ဖြစ်သည်။ ယခုသင်တန်းမှာ နောက်ထပ် အဆင့်မြင့် သင်တန်း တစ်ခုဖြစ်သော Advanced Diploma in Business Administration သင်တန်း၏ အကြိုအဆင့် တစ်ခုလည်း ဖြစ် သည်။

3. Advanced Diploma in Business Administration (ADBA)

ယခုစီးပွားရေး စီမံခန့်ခွဲမှု ကျွမ်းကျင်ရေးဆိုင်ရာ အဆင့်မြင့်သင်တန်းကို တက်ရောက်ပြီးပါက သက်ဆိုင်ရာ လုပ်ငန်းခွင်များ တွင် ရာထူးမြင့်မြင့် အလုပ်အကိုင်များနှင့် နောက်ထပ် ရာထူး တိုးမြင့်ခြင်းများကို ရရှိစေနိုင်မည် ဖြစ်သည်။ စီးပွားရေး နယ်ပယ်၊ အစိုးရအဖွဲ့အစည်းနှင့် NGO အဖွဲ့အစည်းများတွင် အလုပ်အကိုင် ကောင်းကောင်း  ရရှိလိုသူများအတွက် အထူး သင့်တော်သည့် သင်တန်းတစ်ခုလည်း ဖြစ်သည်။



4. Certificate in Ho-spitality Management (CHM)

ACE မှာ ယနေ့ခေတ်တွင် မရှိမဖြစ် အရေးပါနေပြီဖြစ်သော ဟိုတယ်၊ အပန်းဖြေစင်တာများ အစရှိသည့် တိုက်ရိုက် ဝန်ဆောင်မှု ပေးရသော လုပ်ငန်းများအတွက် Hospitality Management သင်တန်းကိုပါ သင် ကြား ပို့ချပေးလျက် ရှိသည်။ ယခု သင်တန်းကို အဆင့် ၃ ဆင့်ခွဲကာ  သင်ကြားပေးခြင်းဖြစ်ပြီး ပထမအဆင့်မှာ ကျွမ်းကျင်သင်တန်းဆင်း လက်မှတ် Certificate  ပေးအပ်မည့် သင်တန်းဖြစ်ပြီး ဒုတိယ အဆင့်မှာ ဒီပလိုမာအောင် လက်မှတ် ရရှိစေနိုင်မည့် သင်တန်းဖြစ်ကာ နောက်ဆုံး အဆင့်မှာ အဆင့်မြင့် ဒီပလိုမာ အောင်လက်မှတ် ရရှိစေနိုင်မည့် သင်တန်းများဖြစ်သည်။ မိမိလိုအပ်ချက်နှင့် ကိုက်ညီစေမည့် သင်တန်း အဆင့် အမျိုးအစားကို ရွေးချယ် တက်ရောက် သွားနိုင်စေမည် ဖြစ်သည်။



5. GCE Ordinary Level (O-Level) Course Outline

GCE "O" Level အဆင့် စာမေးပွဲများမှာ အဆင့်မြင့်ပညာရေးသို့ တက်ရောက် လျှောက်လှမ်းကြမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကနဦးအကြို တက်ရောက်သင်ယူရမည့် အသိအမှတ်ပြု စာမေးပွဲ တစ်ရပ်ဖြစ်ပြီး ACE ပညာရေးကျောင်းမှာ လိုအပ်ချက်အပေါ် လိုက်ကာ အမျိုးမျိုးသော GCE "O" Level စာမေးပွဲ သင်တန်းများကို  ပံ့ပိုး သင်ကြားပေးလျက် ရှိသည်။



အဆိုပါ အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားလိုသည့် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ အခြေခံ ပြင်ဆင်မှုများကို မြန်မာနိုင်ငံရှိ CROWN Education တွင် ဖြစ်စေ၊ စင်ကာပူနိုင် ငံရှိ American Center For Education တွင် ဖြစ်စေ ပြင်ဆင်နိုင်မည် ဖြစ်သည်။



မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း  (သို့မဟုတ်) IGCSE အောင်မြင်သူများ ဝင်ခွင့်လျှောက်ထားနိုင်ပြီး ဝင်ခွင့် စာမေးပွဲကို CROWN Education တွင် စတင် ဖြေဆိုနိုင်ပြီ ဖြစ်သည်။ American College  Program  ထူးချွန်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အမေရိကန် ပညာသင်ဆုများပါ ဆက်လက် လျှောက်ထားနိုင်သည်။



ကျောင်းအကြောင်း စုံစမ်းနိုင်မည့် လိပ်စာ

CROWN Educationအမှတ် ၂၇၀၊ ပထမထပ်၊ မြေနီကုန်း၊ ဒဂုံစင်တာ ၂ နှင့် ဓနလှိုင်တာဝါကြား၊ ရန်ကုန်မြို့။

ဖုန်း-၀၉-၅၀၈၅၁၈၅၊ ၀၉-၇၃၂၇၃၂၇၇

Internet Journal