အမည်မသိအမျိုးသားတစ်ဦးကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြသူများအား စုံစမ်းအရေးယူ

ပို့စ်တင်ချိန် - 1/23/2014 12:00:00 AM


ရန်ကုန်၊ ဇန်န၀ါရီ ၂၂

၂၁.၁.၂၀၁၄ ရက်နေ့ ၂၂၅၀ အချိန်ခန့်တွင် ကမာရွတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ (၆)ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆင်မလိုက်ဈေးရှေ့၌ ခိုက်ရန်ဖြစ်ပွါးနေကြောင်း သတင်းအရ သွားရောက် ခဲ့ရာ အခင်းဖြစ်နေရာတွင် အမည်မသိအမျိုးသား(၁)ဦးမှာ သတိမေ့လဲကျနေကာ ၎င်းတွင် နဖူးပွန်းပဲ့၊ အောက်နှုတ်ခမ်းပေါက်ပြဲ၊
ဝဲ/ယာ ပါးဖူးရောင်၊ ၀ဲ/ယာ တံတောင်နှင့်ဒူးများတွင်ပွန်းစုတ်ဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ခဲ့ရာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသလျက်ရှိပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းဆောင်ရွက်ခဲ့ရာ လွန်ခဲ့သော(၄)ရက် ခန့်က ၎င်းအမည်မသိအမျိုးသားနှင့် ခိုက်ရန်ဖြစ်ပွါးခဲ့ဖူးသူများဖြစ်သော ကြည့်မြင်တိုင်မြို့နယ်၊ အောက်ရုံရပ်ကွက်နေ ကောက်ကွေး(ခ)၀င်းဌေး (ဘ)ဦးတင်ထွန်း၊ ဂျပု(စုံစမ်းဆဲ)၊ အသေးလေး(စုံစမ်းဆဲ)တို့(၃)ဦးမှ ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၃၃/၂၀၁၄၊ ပုဒ်မ ၃၂၅ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကာ
ပြစ်မှုကျူးလွန်သူ ကောက်ကွေး(ခ)၀င်းဌေးအားစုံစမ်းရှာဖွေဖမ်းဆီး
စစ်ဆေးလျက်ရှိပြီး ကျန်ပြစ်မှုကျူးလွန်သူ ဂျပု နှင့် အသေးလေးတို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police