ကလေးငယ်(၂)ဦး ပစ္စည်းဟောင်းတစ်ခုအား လက်ဖြင့် ထုရိုက်ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်၍ ဒဏ်ရာများရရှိ

ပို့စ်တင်ချိန် - 1/23/2014 06:37:00 PM



ရန်ကုန်၊ ဇန်န၀ါရီ ၂၃

၂၃.၁.၂၀၁၄ ရက်နေ့ ၀၇၂၀ အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ဧကရာဇ်ရပ်ကွက်၊ ရန်ကုန်-ပဲခူးလမ်းဘေး၊ မင်္ဂလာဒုံမြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်းရှိ စည်ပင်ဝန်ထမ်းလိုင်းခန်း အမှတ်(A)အခန်း(၆)နေ သန့်ရှင်းရေးလုပ်သားဖြစ်သူ ဦးလှဝင်း၏ သားနှင့်သမီးဖြစ်ကြသော မောင်မျိုးကို(၈)နှစ်နှင့် မခိုင်သဇင်ဝင်း၊ အသက်(၁၀)လတို့(၂)ဦးသည် ၎င်းနေအိမ်ပေါ်တွင် အိမ်ရှေ့ဝင်ပေါက်
နေရာ၌ ပစ္စည်းဟောင်းတစ်ခု(စိစစ်ဆဲ)အား မောင်မျိုးကိုမှ
လက်ဖြင့်ထုရိုက်ဆော့ကစားစဉ် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါသည်။

အဆိုပါပေါက်ကွဲမှုကြောင့် မောင်မျိုးကိုတွင် ၀ဲလက်ကောက်ဝတ်ပြတ်၊ ယာလက်ချောင်းများပြတ်၊မျက်နှာဝဲဘက်ပွန်းပဲ့၊ရင်ဘတ်ပါက်ပြဲဒဏ်ရာ
များ၊ မခိုင်သဇင်ဝင်းတွင် ၀ဲတံတောင်စုတ်ပြဲ၊ ၀မ်းဗိုက်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် အင်းစိန်ဆေးမှတဆင့် ရန်ကင်းကလေးဆေးရုံကြီးသို့ အတွင်းလူနာ(စိုးရိမ်ရ)များအဖြစ် လွှဲပြောင်းတင်ပို့ကုသလျက်ရှိပါသည်။

အဆိုပါအခင်းဖြစ်နေရာသို့ တာဝန်ရှိသူများရောက်ရှိစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police