အချုပ်ခန်းအတွင်းသို့ အရက် ပေးပို့ရန်ဆောက်ရွက်သူအား အရေးယူ

ပို့စ်တင်ချိန် - 1/23/2014 11:47:00 AM


ရန်ကုန်၊ ဇန်န၀ါရီ ၂၃

၂၂.၁.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တရားရုံးအချုပ်ခန်းတွင် လုံခြုံရေးတာဝန်ဆောင်ရွက်
နေသည့်ရဲတပ်ဖွဲ့ဝင်များသည် အရှေ့ပိုင်းခရိုင်တရားရုံး၊
ပြစ်မှုကြီးအမှတ် ၁၂၁/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)အမှုမှ တရားခံမျိုးသန့်ထံသို့ပေးရန်အတွက် ၎င်း၏ဇနီးဖြစ်သူ သာကေတမြို့နယ်နေ မသန်းသန်းဝင်း(ခ)မသန္တာ (ဘ)ဦးမြင့်စိန်
ယူဆောင်လာသည့် ရေသန့်ဘူး(၂)ဘူးအား အချုပ်ခန်းပတ်လမ်းအ၀တွင်
စစ်ဆေးရာ ဘူး(၁)ဘူးအတွင်းတွင် အရက်နှင့်ရေရော၍ထည့်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် သက်သေများရှေ့တွင်သိမ်းဆည်းခဲ့ပါသည်။

ယင်းကဲ့သို့ အချုပ်ခန်းအတွင်းကိုထည့်သွင်းခြင်းမပြုလုပ်ရန် တားမြစ်ကန့်သတ်ထားသောအရာဖြစ်သည့် အရက်များအား
ပေးပို့ထည့်သွင်းရန်ဆောင်ရွက်ခဲ့သူ မသန်းသန်းဝင်း(ခ)မသန္တာအား သုဝဏ္ဏနယ်မြေရဲစခန်း၊ ရဲအရေးမပိုင်မှုအမှတ်စဉ်(၁/၂၀၁၄)၊ အကျဉ်းထောင်များအက်ဥပဒေပုဒ်မ ၄၂ ဖြင့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ကာအရေးယူဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police