ယူကရိန်းမှာ ပြည်သူနဲ့ အစိုးရကြား ပဋိပက္ခပိုကြီးလား

ပို့စ်တင်ချိန် - 1/23/2014 02:11:00 PM


ယူကရိန်းသမ္မတဟာ ရုရှားနိုင်ငံနဲ့ ချစ်ကြည်ရေး ပျက်ပြားမှာ စိုးရိမ်ပြီးတော့ ဥရောပ သမဂ္ဂက ပေးတဲ့ Bailout (ကြွေးမြီ) ၁၅ ဘီလျံကို ငြင်းဆို ခဲ့ ပါတယ်။

ယင်းငြင်းဆိုမှု နောက်ပိုင်းကစလို့ ယူကရိန်းမှာ ပြည်တွင်းစစ် ဖြစ်တာ ယခုဆိုရင် ၂ လ ကျော်သွားပါပြီ။ မြို့တော်ကြီး ဖြစ်တဲ့ Kiev ဟာ မြို့ နဲ့ မတူတော့ပဲ စစ်မြေပြင် တစ်ခုပမာ ဖြစ်လို့နေပါတယ်။ ပြည်သူလူထု အများစု ပါဝင်တဲ့ ပဋိပက္ခဟာ ယူကရိန်းအစိုးရက မာရှယ်လော အသစ်များ ပိုမို ချမှတ် စေခဲ့ ပါတယ်။ အများပြည်သူစုဝေးရာ နေရာမှာ မျက်နှာဖုံးမဆွတ်ရ၊

ယူကရိန်းမှာ ထုတ်ခဲ့တဲ့ ဥပဒေသစ်က အများပြည်သူစုဝေးရာနေရာမှာ မျက်နှာဖုံး မစွတ်ရ၊ လူဘယ်နှစ်ဦးထက် ပိုစုဝေးမနေရ အစရှိသဖြင့် ချမှတ်လိုက်တဲ့ ဥပဒေ အသစ်များက အထိနာနေတဲ့ ပြည်သူတွေကို ဒေါသ ပိုဆွပေးသလို ဖြစ်ခဲ့ ပါတယ်။ ယနေ့အထိ ၃ ဦးသေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရရှိခဲ့တဲ့ တိုက်ပွဲက မပြီးသေး ပါဘူး။

အစိုးရ လုံခြုံရေးတပ်ဖွဲ့မှလည်း လက်နက်ကြီးငယ် အမျိုးမျိုးကို အသုံးပြုလာသလို၊ ပြည်သူဘက်ကလည်း ပြန်လိုက် တိုက်ခိုက်မှုများ က ပြင်းထန် လာပါတယ်။ အေးချမ်းပါတယ်ဆိုတဲ့ ဥရောပတိုက်မှ ယူကရိန်း နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြည်တွင်း ပဋိပက္ခက မြင် မကောင်း အောင်ပါပဲ။ အပျက်ပျက်နဲ့ ပြန်လည် ပစ်ခတ် တိုက်ခိုက် နေကြတဲ့ ယူကရိန်းက ပြည်သူနဲ့ ရဲများရဲ့  ဓာတ်ပုံကို အောက်ပါ Link မှာ ပြည့်ပြည့်စုံစုံ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://mashable.com/2014/01/22/kiev-riots-deadly-photos/

အောင်ခမ်း ( Yoyarlay )