မူကြိုဆရာ၊ ဆရာမ တွေကို ဧပြီလကစပြီး အစိုးရ လစာပေးတော့မည်

ပို့စ်တင်ချိန် - 1/23/2014 05:35:00 PM


လာမယ့် ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ် ဧပြီလက စပြီး အခြေခံပညာ မူကြိုအဆင့် ဆရာနဲ့ ဆရာမ ၈ ထောင်ကျော်ကို နိုင်ငံဝန်ထမ်းအဖြစ် သတ်မှတ်ပြီး သတ်မှတ်လစာ ပေးတော့မယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်ခင်မျိုးမြင့်ဖြူက ပြောပါတယ်။

ဇန်န၀ါရီ ၂၁ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပတဲ့ အခြေခံပညာ ကဏ္ဍဆိုင်ရာ မူဝါဒ ညှိနှိုင်းဆွေးနွေးပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီ ဆရာနဲ့ ဆရာမ ၈ ထောင်ကျော်ဟာ လက်ရှိအချိန်ထိ သက်ဆိုင်ရာ ကျောင်းတည်ရှိရာ ရပ်ရွာက ရပ်မိရပ်ဖတွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတာ ဖြစ်ပြီး အစိုးရ အထောက်အပံ့
တစုံတရာ မရရှိခဲ့ပါဘူး။

ဒါနဲ့ ပတ်သက်ပြီး မူကြိုပညာရပ်ဆိုင်ရာလုပ်ငန်း အန်ဂျီအိုအဖွဲ့ကနေ အစိုးရကို တိုက်တွန်း ခဲ့တာကြောင့် လာမယ့် ဧပြီလက စပြီ လစာတွေ ပေးဖို့ အစိုးရက သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ