အင်ဒို အိမ်အကူကို ညှင်းပန်းသည့် အမျိုးသမီးအား ဟောင်ကောင်ရဲတပ်ဖွဲ့ စွဲချက်တင်

ပို့စ်တင်ချိန် - 1/23/2014 09:38:00 AM

နှိပ်စက်ခံခဲ့ရသည့် အင်ဒိုနီးရှား အိမ်အကူအမျိုးသမီး



အင်ဒိုနီးရှား အိမ်အကူအား နှိပ်စက်ခဲသည့် အိမ်ရှင်အမျိုးသမီးကို ဖမ်းဆီးလာစဉ်

အင်ဒို အိမ်အကူကို ညှင်းပန်းသည့် အမျိုးသမီးအား ဟောင်ကောင်ရဲတပ်ဖွဲ့ စွဲချက်တင် ဟောင်ကောင် ရဲတပ်ဖွဲ့သည် ဗုဒ္ဓဟူးနေ့တွင် အသက်(၄၄)နှစ်ရှိ လော်ဝင်တွန်အား ညှင်းပန်းနှိပ်စက်မှု၊ ရာဇဝတ်မှုများဖြင့် စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

ဟောင်ကောင် ရဲတပ်ဖွဲ့က မိမိတို့သည် အင်ဒိုနီးရှား အိမ်အကူ တစ်ဦးကို ပြင်းထန်စွာ နှိပ်စက်ခဲ့သည့် အမျိုးသမီး တစ်ဦးအား ဖမ်းဆီး စွဲချက်တင်လိုက်ပြီဟု အတည်ပြု ပြောကြားခဲ့သည်။ အဆိုပါ အမျိုးသမီးသည် အင်ဒိုနီးရှားမှ အလုပ်လာလုပ်သည့် အိမ်အကူ အာဝီယာနာ ဆူလစ်တီယန်ဆီကို ရိုက်နှက် နှိပ်စက်ခဲ့သလို ယခင်ကလည်း ဟောင်ကောင်မှ အိမ်အကူ နှစ်ဦးကို ညှင်းပန်းခဲ့ဖူးကြောင်း ရဲများက ဆိုသည်။ ဟောင်ကောင် ရဲတပ်ဖွဲ့သည် ဗုဒ္ဓဟူးနေ့တွင် အသက်(၄၄)နှစ်ရှိ လော်ဝင်တွန်အား ညှင်းပန်းနှိပ်စက်မှု၊ ရာဇဝတ်မှုများဖြင့် စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

လော်၏ ဖြစ်ရပ်သည် ဟောင်ကောင်၌ အလုပ်လာလုပ်သည့် ပြည်ပ ရွှေ့ပြောင်းလုပ်သားများအပေါ် ဟောင်ကောင် အိမ်ရှင်တို့၏ ဆက်ဆံမှုများနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ဟောင်ကောင်ရဲတပ်ဖွဲ့ အနေဖြင့်လည်း ရွှေ့ပြောင်းလုပ်သားများကို ကာကွယ်နိုင်စွမ်း အားနည်းကြောင်း ဝေဖန်မှုများ ကြုံနေရသည်။ ရဲများက လော်၏ အမှုကို အလေးအနက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောဆိုခဲ့ပြီး အင်ဒိုအမျိုးသမီးအတွက်လည်း ဥပဒေကြောင်းအရ အကြံပေးမှုများ ထောက်ပံ့သွားမည်ဟု ပြောကြားခဲ့သည်။

သူမသည် ဟောင်ကောင်တွင် အလုပ်လုပ်နေသည်မှာ (၈)လမျှသာ ရှိသေးသည်။ ဆူလစ်တီယန်ဆီသည် ယခုအခါ အင်ဒိုသို့ ပြန်သွားပြီး သူမ၏ မျက်နှာတွင် ဒဏ်ရာအများအပြား ရရှိခဲ့သလို ခြေထောက်၊ လက်တို့တွင် အညိုအမည်းစွဲနေသော အကွက်ကြီးများ ဖြစ်နေကြောင်းလည်း ရဲများက အတည်ပြုသွားသည်။

Planet Myanmar Network