ခရီးသည်တင် ရိုးရိုးယာဉ်များ အထူးယာဉ်များနည်းတူ ယာဉ်စီးခ ပိုမိုကောက်ခံနေ

ပို့စ်တင်ချိန် - 2/01/2014 07:30:00 AM



ရန်ကုန် ဇန်နဝါရီ ၃ဝ

ခရီးသည်တင်ယာဉ်များတွင် ရိုးရိုး ယာဉ်နှင့် အထူးယာဉ်ဟူ၍ ခွဲခြား ထားရှိပြီး ရိုးရိုးယာဉ်များအနေဖြင့် အထူးယာဉ်များနည်းတူ ယာဉ်စီးခကို ကျပ်၂ဝဝ သို့ ကောက်ခံလျက်ရှိကြောင်း သိရသည်။

ခရီးသည်တင် ရိုးရိုးယာဉ်များသည် ခရီးစဉ်ဖြတ်ပိုင်း တစ်ပိုင်းလျှင် ကျပ် ၅ဝ သာ ကောက်ခံရမည်ဖြစ်ပြီး ယာဉ်များပေါ်တွင် ခရီးစဉ်ကောက်ခံ မည့်နှုန်းထားဖြတ်ပိုင်းကပ်ထားရမည် ဖြစ်သော်လည်း ဒိုင်နာ၊ ဘီအမ်ယာဉ် များနှင့် အခြားခရီးသည်တင်ယာဉ် များတွင် ခရီးစဉ်နှုန်းထားခဖြတ်ပိုင်း လုံးဝကပ်ထားခြင်းမရှိဘဲ ယာဉ်စီးခ ကို ကျသင့်သည့် နှုန်းထားထက် ပိုမိုကောက်ခံလျက်ရှိကြောင်း သိရ သည်။

''အခုနောက်ပိုင်းမှာအထူးယာဉ် လိုင်းဆိုပြီးတော့ ထပ်ပြီး လုပ်ခွင့် မပေးတော့ပါဘူး။ ယာဉ်စီးခနှုန်း ထားမကပ်တဲ့ ယာဉ်တွေနဲ့ ယာဉ်စီးခ ပိုမိုကောက်ခံတဲ့ယာဉ်တွေကိုလည်း ထိရောက်စွာ အရေးယူသွားမှာပါ'' ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲပေးလျက် ရှိသည့် အထူးခရီးသည်တင်ယာဉ် လိုင်း ၄၆ လိုင်း၊ယာဉ်အစီးရေ ၈ဝ၄ စီးသည်ဂိတ်စ၊ ဂိတ်ဆုံးပြေးဆွဲရာတွင် ယာဉ်စီးခ ကျပ် ၂ဝဝ ကောက်ခံရန် တရား ဝင်ခွင့်ပြုထားပြီး ရိုးရိုးယာဉ်လိုင်းများ အား သတ်မှတ်ထားသည့် မှတ်တိုင် အလိုက်ခရီးစဉ်တစ်ပိုင်းလျှင်ကျပ်၅ဝ သာ ကောက်ခံရန် သတ်မှတ်ထားရှိ ကြောင်း သိရသည်။ (ကေသိန်းဆွေ)

The Mirror Daily