ဂျပန်ဘာသာ (5 Skills) အခြေခံ သင်တန်းသစ် ဖွင့်လှစ်မည်

ပို့စ်တင်ချိန် - 2/01/2014 03:49:00 PM


မြန်မာလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းနှင့်လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အထူးရည်ရွယ်၍ MDGE Japanese School မှ အသစ်ထပ်မံဖွင့်လှစ်မည့် ဂျပန်ဘာသာ အခြေခံ တန်းခွဲသည် ပြည်တွင်း ပြည်ပရှိ ဂျပန်စက်ရုံ၊ အလုပ် ရုံနှင့် ကုမ္ပဏီများတွင် အလုပ်ဝင်လိုသည့် သူများ၊ ဂျပန်နိုင်ငံရှိ ကျောင်းများ၊ တက္ကသိုလ်များသို့ သွားရောက် ပညာသင်ကြား ကြ မည့် ဂျပန်ဘာသာကို သင်ယူတတ်မြောက်ထားလိုသော ရည်မှန်းချက် ကြီးမားသူများအတွက် ဂျပန်ဘာသာနှင့်  ပတ်သက်သည့် လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း သိရှိရသည့်အပြင် လက်ရှိ လုပ်ငန်းခွင် ဝင်နေသူ များ အတွက် နယ်ပယ်အလိုက် လုပ်ငန်းခွင်သုံး ဝေါဟာရ အသုံးအနှုန်းများအား အထူးပြု သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ဘာသာစကား အပြင် သိထားသင့်သည့် ဂျပန်လူမျိုးများ၏  ဓလေ့စရိုက်နှင့် အထွေထွေ ဗဟုသုတ၊ ရှောင်ရန် ဆောင်ရန်များ၊ ကွန်ပျူတာ အခြေခံရှိထားသူများအတွက် ဂျပန် ဘာသာစာစီစာရိုက်တို့ကိုလည်း ထည့်သွင်းသင်ကြားပေးမည် ဖြစ်သည်။ အဆိုပါ သင်တန်းတက်ရောက်ပြီး ဂျပန်အစိုးရနှင့်နိုင်ငံတကာ အသိအမှတ်ပြု အောင်လက်မှတ်များ ရရှိနိုင်သော ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲများဖြစ်သည့် JLPT နှင့် NET Test စာမေးပွဲများကို ဖြေဆို အောင်မြင်လိုသူများ အတွက်လည်း ပညာရေး လိုအပ်ချက်များအား အပြည့်အဝ ဖြည့် ဆည်း ပေးမည်ဖြစ်ကြောင်း သိရသည်။

ယခု ထပ်မံဖွင့်လှစ်မည့် တန်းခွဲသစ်သည် ဂျပန်ဘာသာကို အခြေခံမှစတင်၍ အဆင့်မြင့်တန်းများကိုအထိ တစ်ဆက် တစ်စပ်တည်း တောက်လျှောက် တက်ရောက် သင်ယူသွားနိုင်မည့် တက္ကသိုလ် အဆင့်ပုံစံဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု အောင်လက်မှတ်များ ရရှိနိုင်မည် ဖြစ်ကြောင်းနှင့် လုံးဝသင်ကြားထားဖူးခြင်းမရှိသည့် အခြေခံမှ စတင်လေ့လာလိုသူများနှင့် ကိုက်ညီပြီး သင်တန်းချိန်မှာ ဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများပါ တက်ရောက်နိုင်ရန် ရုံးချိန်လွတ်သည့် စနေ၊ တနင်္ဂနွေနေ့များတွင် ညနေ ၅ နာရီခွဲမှ ၇ နာရီ အထိ သတ်မှတ် ထားကြောင်း သိရသည်။

သင်တန်းတွင် ဂျပန်အစိုးရပညာရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် ဂျပန်ဖောင်ဒေးရှင်း၏ အဆင့်မြင့် နောက်ဆုံးပေါ် သင်ရိုး ညွှန်းတမ်းများ၊  သင်ထောက်ကူပစ္စည်းများဖြင့် တစ်ဦးချင်း အနီးကပ် ကြီးကြပ်သင်ကြားမည် ဖြစ်သောကြောင့် လူဦးရေ ကန့်သတ်ထားကြောင်း၊ အသက် ၃၅ နှစ်အောက်ဖြစ်ပြီး ပညာအရည်အချင်းအနေဖြင့် အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ထားပြီး သူ ဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

တန်းခွဲသစ်အား ဖေဖော်ဝါရီလ ၁ ရက်၊ ညနေ ၅ နာရီခွဲတွင် စတင်မည်ဖြစ်ပြီး ဇန်န၀ါရီလ ၂၉ ရက်နောက်ဆုံးထား၍  MDGE Japanese School တိုက် (၁) ၊ အခန်း (၃၀၃)၊ ရွှေလိပ်ပြာ အိမ်ယာ၊ အောက်ကြည်မြင် တိုင်လမ်းမကြီး၊ ကြည်မြင်တိုင် မြို့နယ်၊ ဖုန်း-၀၉-၇၃၀၀၂၅၁၆၊ ၀၉-၇၃၀၇၈၉၇၂ သို့ ဆက်သွယ်၍ (ရုံးချိန်အတွင်း) သင်တန်း တက်ရောက်လိုသူများ ကိုယ်တိုင် (ဓာတ်ပုံ ၂ ပုံ၊ မှတ်ပုံတင်မိတ္တူ ၁ ခုတို့ဖြင့်) ကျောင်းသို့ လာရောက် အပ်နှံရမည် ဖြစ်ကြောင်း သိရသည်။

Internet Journal