LG G2 Mini နဲ့ အတူတူတွဲ မိတ်ဆက်ခဲ့တဲ့ G Pro 2 Phablet

ပို့စ်တင်ချိန် - 2/25/2014 12:25:00 PM


LG ဟာ သူရဲ့ နောက်ထွက် product သစ်ဖြစ်တဲ့ G Pro 2 နဲ့ G2 mini ကို MWC မှာ မိတ်ဆက်ခဲ့ပါတယ်။

Android 4.4 (Kit Kat) ဖြစ်ပြီး 2.26GHz quad-core Snapdragon 800 processor သုံးကာ စွမ်းအားပြည့်ဝလှတဲ့ 3,200mAh battery ကိုသုံးထားပါတယ်။ ကင်မရာပိုင်းအနေနဲ့ 13MP ကိုပေးထားပြီး 3GB ရှိတဲ့ RAM ကိုရရှိမှာ ဖြစ်ပါတယ်။ 5.9 လက်မရှိ full HD IPS display ကိုသုံးထားပြီး အရောင်အားဖြင့် ငွေရောင်၊ အဖြူရောင်၊ အလူမီနီယံ တို့ကိုရရှိမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ OIS+ (Optical Image Stabilizer Plus) ကို ထပ်မံ ပေါင်းတည့် နည်းပညာမြှင့်ပေးထားတယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ ဟန်းဆက်ရဲ့ အသံအရည်အသွေးကို တိုးတက်စေရန်အတွက် 1W စပီကာကိုလည်းပြုလုပ်ပေးခဲ့ပြီး အရင် ဖုန်းတွေထက် အသံအရည်အသွေး
၃၀ ရာခိုင်နှုန်း ပိုမိုသာလွန်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

နောက်တွဲလျက်မိတ်ဆက်ခဲ့တာကတော့ LG ကုမ္ပဏီရဲ့ ကျစ်လစ်သိပ်သည်းတဲ့ ပထမဦးဆုံးဖုန်းတစ်လုံးဖြစ်တဲ့ G2 Mini ဖြစ်ပါတယ်။ မျက်နှာပြင်အရွှယ်အစား
4.7 လက်မနဲ့ဖြစ်ပြီး 1.7GHz or 1.2GHz quad-core နဲ့လာပြီး ကင်မရာပိုင်းအနေနဲ့ကတော့ 13-megapixel or 8-megapixel နဲ့လာမှာ ဖြစ်ပါတယ်။

4K ဗီဒီယိုတွေနဲ့ 120 frame per second HD video တွေကို မှတ်တမ်းတင်ပေးနိင်မှာ ဖြစ်ပါတယ်။ ရလဒ်ကတော့ သိပ်ကို အထင်ကြီးစရာကောင်းခဲ့ပါတယ်။
ဒါဟာဆိုရင် G2 MIni အနေနဲ့ စမတ်ဖုန်းတစ်လုံးရဲ့ feature တွေမပျောက်စေဘဲ ပိုပြီး အလွယ်တကူ သယ်ဆောင်ကာ အဆင်ပြေစေမဲ့ ဖုန်းတစ်လုံး အနေနဲ့ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

Smart Pro Journal