ယူကရိန်း နောက်ဆုံး အခြေအနေ

ပို့စ်တင်ချိန် - 2/25/2014 09:53:00 AM

ဖေဖော်ဝါရီ ၂၂ ရက်။ ဖြုတ်ချခံရတဲ့ ယူကရိန်း သမ္မတဟောင်းရဲ့ နေအိမ်အတွင်းပိုင်း တစ်နေရာ။ သမ္မတဟောင်းကို ကရိုင်းမီးယား ကျွန်းဆွယ်မှာ နောက်ဆုံး မြင်လိုက်ရ။

ဖေဖော်ဝါရီ ၂၃ ရက်။ ဖြုတ်ချခံရတဲ့ ယူကရိန်း သမ္မတဟောင်းရဲ့ နေအိမ်ကို လာရောက်ကြည့်ရှုကြသူများ။

ဖေဖော်ဝါရီ ၂၃ ရက်။ ဖြုတ်ချခံရတဲ့ ယူကရိန်း သမ္မတဟောင်းရဲ့ နေအိမ်ကို လာရောက်ကြည့်ရှုကြသူများ အောင်ပွဲခံစဉ်။

ဖေဖော်ဝါရီ ၂၂ ရက်။ ယူကရိန်း သမ္မတ ဖြုတ်ချခံရအပြီး သမ္မတဟောင်းရဲ့ နေအိမ်ရှေ့မှာ ပျော်မြူးနေကြသူအချို့။ သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်ထား။

ဖေဖော်ဝါရီ ၂၃ ရက်။ ၂နှစ်ကြာ ထိန်းသိမ်းခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း Yulia Tymoshenko ပြန်လွတ်လာပြီး လွတ်လပ်ရေး ရင်ပြင်မှာ မိန့်ခွန်းပြော။

ဖေဖော်ဝါရီ ၂၃ ရက်။ ကြားဖြတ် သမ္မတသစ် အဖြစ် ယာယီ ရွေးချယ်ခံရသူ Oleksander Turchinov ။ သူက ဥရောပ သမဂ္ဂနဲ့ နီးကပ်စွာ ဆက်ဆံမယ်လို့ ဆို။

ဖေဖော်ဝါရီ ၂၄ ရက်။ အသေအပျောက် များခဲ့တဲ့ လွတ်လပ်ရေး ရင်ပြင်ကို ယူကရိန်း ပြည်သူတွေ လာရောက်ကြစဉ်။

ဖေဖော်ဝါရီ ၂၄ ရက်။ လွတ်လပ်ရေး ရင်ပြင်ကို စောင့်ကြပ်နေတဲ့ အစိုးရ ဆန့်ကျင်သူတစ်ဦး။ ရွေးကောက်ပွဲတွေ ပြီးတဲ့အထိ ရင်ပြင်မှာ ဆက်ရှိနေမယ်လို့ ဆို။

ဖေဖော်ဝါရီ ၂၄ ရက်။ အသက်ဆုံးရှုံးခဲ့သူတွေကို ရည်စူးပြီး လွတ်လပ်ရေးရင်ပြင်မှာ ပန်းကြဲထားစဉ်။

ဖေဖော်ဝါရီ ၂၄ ရက်။ လွတ်လပ်ရေး ရင်ပြင်ကို လာရောက်သူတွေ ယူကရိန်း နိုင်ငံတော်သီချင်းကို သီဆိုကြစဉ်။ ရွေးကောက်ပွဲတွေကို မေလမှာ ကျင်းပဖို့ လျာထား။

ဖေဖော်ဝါရီ ၂၄ ရက်။ ယူကရိန်း အနာဂတ် ဆွေးနွေးဖို့ ကိယက်ဗ်ကို ရောက်ရှိသွားတဲ့ အီးယူ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ Catherine Ashton သေဆုံးသူတွေအတွက် အောက်မေ့ဖွယ် နေရာကို သွားရောက်။

BBC Burmese