ယာဉ်တိမ်းမှောက်ရာမှ ယာဉ်ပေါ်ပါ တရားမ၀င် သစ်တမလန်း ဓါးရွေတုံး များ ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 2/25/2014 01:05:00 PM


စစ်ကိုင်း ဖေဖေါ်ဝါရီ ၂၅

စစ်ကိုင်းမြို့နယ် သစ်တော ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဖုန်းဝေ၊ တောအုပ်-ဦးရဲလတ်၊ တောခေါင်း- ဦးကျော်ဝင်း တို့ပါဝင်သော သစ်တောဝန်ထမ်းများ အဖွဲ့နှင့် ရွာသစ်ကြီး ရဲစခန်းမှ ရဲအုပ်ထိန်လင်း၊ ဒုရဲအုပ် သီဟစိုး၊ ဒုတကဝေလင်းထွန်း၊ နတ်ခရိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင် နှင့်ကျေးရွာ စာရေးဦးမျိုးကြည်တို့ ပူးပေါင်းအဖွဲ့သည် ဖေဖေါ်ဝါရီ (၂၃) ရက် (၀၆း၀၀) နာရီအချိန်က စစ်ကြောင်း အသွင်ဖြင့် တရားမ၀င် သစ်ရှာဖွေ ဖမ်းဆီးခြင်း လုပ်ငန်းကို အထိုင်စစ်ကြောင်း အနေနှင့် အုန်းတောကျေးရွာတွင် ဆောင်ရွက်နေစဉ် သတင်းအရ နတ်ခရိုင်ကွေ့စစ်ကိုင်း၊မုံရွာကားလမ်း မိုင်တိုင် အမှတ် (၃၁/၀)နှင့် (၃၁/၁) အကြား ယာဉ်တိမ်းမှောက်ကြောင်း နယ်မြေသတင်းအရ သွားရောက် ကြည့်ရှု့စစ်ဆေးရာ မုံရွာဘက်မှ စစ်ကိုင်းဘက် သို့ မောင်းနှင်လာသော ယာဉ်အမှတ် လ/၈၂၅၀ (၆) ဘီးဒိုင်နာ အစိမ်းရောင်မှာ လမ်း၏ ယာဘက်ဘေးတွင် တိမ်းမှောက်နေပြီး အခင်း ဖြစ်နေရာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို မတွေ့ရှိရဘဲ ယာဉ်ပေါ်ပါ တရားမ၀င် သစ်တမလန်း ဓါးရွေတုံးများ မှာပြန့်ကျဲနေသည်ကိုတွေ့ရှိရသဖြင့်နေရာတွင် တိုင်းတာစစ်ဆေးရာ တရားမ၀င် သစ်တမလန်း ဓါးရွေ(၂၃)တုံး၊(၂ဒဿမ၄၆၃၆) တန်အား ဖမ်းဆီးရမိ ခဲ့သဖြင့် (ပိုင်ရှင်မဲ့) တရားမ၀င် သစ်တမလန်း ဓါးရွေတုံးများကို ပိုးတန်းသစ်တော ရုံးဝင်းသို့ သယ်ဆောင် သိမ်းဆည်းပြီး ပိုင်ရှင်အား ဖမ်းဆီးရမိနိုင်ရန် စုံစမ်းရှာဖွေလျက်ရှိ၍ ယာဉ်အမှတ်လ/၈၂၅၀(၆)ဘီး ဒိုင်နာ ယာဉ်မောင်း အမည်မသိ (တိမ်းရှောင်) သူကို ယာဉ် မဆင်မခြင် မောင်းနှင်မှုဖြင့် စစ်ကိုင်းမြို့မရဲစခန်းက ယာဉ်(ပ) ၁၄/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်စုံစမ်း အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar