- သူရ မချစ်ပို - ဇာတ်ကား ၁၇ နှစ်ကျော် ကာလ ရောက်ရှိလာသော် လည်း ပြသ ထုတ်လွှင့်ခြင်း မရှိသေး

ပို့စ်တင်ချိန် - 2/25/2014 01:02:00 PM


တပ်မတော် အစိုးရလက် ထက်မှာ နာမည်ကြီးတဲ့ ဒါရိုက်တာ တင်သန်းဦးက ရဲစွမ်း သတ္တိရှိတဲ့ အမျိုးသမီး သူရဲကောင်းဖြစ်သူ သူရ မချစ်ပို” ဆိုတဲ့ ဇာတ်ကားကို ဒါရိုက် တာ တင်သန်းဦးက မို့မို့ မြင့်အောင်နဲ့ သရုပ်ဆောင် များစွာကို လွန်ခဲ့တဲ့ ၁၇ နှစ်ကျော်လောက် က ရိုက်ကူးခဲ့ဖူး ပါတယ်။ ဒီဇာတ်ကားက တပ်ကြပ်ကြီး တစ်ယောက်ဖြစ်တဲ့ မချစ်ပိုရဲ့ ရဲစွမ်း သတ္တိတွေကြောင့် သူရဘွဲ့ကို ရရှိခဲ့တဲ့ ဇာတ် လမ်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပြင်ဦးလွင်မှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့်အဖြစ်အပျက် ကိုရိုက်ကူး ခဲ့ ပေမယ့် ထုတ်လုပ်ပြသခွင့် မရရှိခဲ့ပါ ဘူး။

၁၇ နှစ်ကျော်လောက်က ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးထား တဲ့ “သူရ မချစ်ပို” ဇာတ်ကားကို မြဝတီ ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသဖို့ အစီအစဉ် မရှိသေးကြောင်းကို

“လောလောဆယ် လွှင့်ဖို့လည်း အစီအစဉ် မရှိပါဘူး။ ပြန်ရိုက်ဖို့ လည်း အစီ အစဉ် မရှိပါဘူး။ အဲဒီဟာ က ဒီကဆင်ဆာ စိစစ်တဲ့အဖွဲ့ကနေပြီး တော့ နဂိုကတည်းက ခွင့်မပြု ထားတဲ့ ဇာတ်ကားမို့လို့ပါ။ ပြန်ရိုက်ဖို့လည်း အစီအစဉ် မရှိပါဘူး။ ဘာလို့လဲဆို တော့ ဒီဇာတ်ကား မှာလည်း လိုအပ် ချက်တွေ ရှိနေလို့ ဆရာတို့ ထားထား တာပါ” လို့ ဒါရိုက်တာ တင်အောင် စိုး (ပန်းမြို့တော်) က ပြောပြခဲ့ပါ တယ်။

ဒီဇာတ်ကားမှာ ပါဝင်ရိုက်ကူး ခဲ့တဲ့ မို့မို့မြင့်အောင်ရဲ့ ရိုက်ကူးခဲ့မှု အတွေ့ အကြုံ၊ ခံစားချက်တွေ နဲ့ ပတ်သက်ပြီး မေးကြည့်ဖြစ်တော့..

“မိန်းမ သူရဘွဲ့ရတာ ဆိုလို့ မချစ်ပို တစ်ယောက်ပဲရှိတာလေ။ တကယ့် အဖြစ်အပျက်ကြီး တစ်ခု ပေါ့။ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က ပြန်ရိုက်ခဲ့တာ။ အပြင်မှာ သူတကယ့် အဖြစ်တော့ မသိဘူး။ ပြန်ရိုက်တဲ့ ကိုယ်တောင် တော်တော် ပင်ပန်းတယ်။ တကယ့် စက်သေနတ်ကြီး ကိုင်ပြီး တောင်တစ်ပတ် ပတ်ရတာ။ ဗိုလ်မှူး တင်သန်းဦးက ကျည်ဖောက် တော့ သေနတ် အစစ်နဲ့ဖောက်တာ။ အဲဒီ ကားရိုက်ခဲ့တော့ မပြဖြစ်ခဲ့ဘူး။ ကိုယ်က ပင်ပင်ပန်းပန်း လုပ်ခဲ့ရ တော့ ပြစေချင်တယ်။ ဒီမှာ မချစ်ပိုက ထားဝယ် သူ၊ မောင်လေးကို လိုက်ရှာ နေတာ။သူနဲ့ အပြိုင်မချစ်ပု ဆိုတာ ရှိသေးတယ် ။မမို့တို့မေမြို့ကိုသွား ရိုက်တော့ အဲဒီ မချစ်ပို ဆိုတာ ကရှိ သေးတယ်။ အဲဒီဇာတ်ကို အစ အဆုံး သိတဲ့ အဘိုးကြီး တစ်ယောက် လည်း ရှိတယ်။ မချစ်ပိုက သူ့ကိုဘယ်လောက်ပဲ ပစ်ပစ်ကျည်မထိဘူး။ အံပွားပါနေ တာ။ ဆံပင်ကို အရှည် ဖြန့်ချထား လိုက် ရင်နောက်က လူတွေ ကျည်မထိဘူး။ အဲဒီလိုမျိုးပေါ့။ ဘုန်းရှိတယ်လို့ ပြောရမှာ ပေါ့။ အဲဒီကား နောက်ဆုံး မှာ မချစ်ပိုရဲ့ အုတ်ဂူလေးကို ထည့် ရိုက်ထားတယ်။ အဲဒီ အုတ်ဂူကိုသွား ပြီးတော့ မမို့ကိုယ်တိုင် ဒိုင်ယာလော့ တွေပြောပြတယ်။ ကိုယ် အတုလုပ်တဲ့ သူတောင် ပင်ပန်းလိုက်တာ။ အစစ် ဖြစ်တဲ့ အမေသာဆို ဘယ်လောက် ပင်ပန်းလိုက်မလဲလို့ သွားပြောခဲ့တယ်။ အဲဒါကိုလည်း ဇာတ်ကားထဲမှာ ထည့် ရိုက်ထားတယ်။ လမ်းဘေးမှာ အုတ်ဂူ လေးက ဘယ်သူမှလည်း မသိကြ ဘူး။ဒီလို လူမျိုးရှိ ခဲ့တယ် ဆိုတာ အခုခေတ် လူငယ်တွေသိမှာ တောင် မဟုတ်တော့ဘူး။ အဲဒါကြောင့်ဒီ ကားလေး ကို ပြန်ပြစေချင်တာ။ အဲဒီ တုန်းကတော့ ဆင်ဆာ ကို ရှောင်ပြီး တချို့တွေ ကိုနည်းနည်းလေး ပြတယ်ဆို ရုံရှောင်ပြီး ရိုက်ခဲ့ရတာ။ အခုအ ချိန်သာဆို ဆင်ဆာလည်း ရနေပြီဆို တော့သေချာတယ်။ တော်တော်ရိုက် ပြ လို့ကောင်း မှာ။ တကယ့် အဖြစ်အပျက် ဆိုတော့ တော်တော်လည်း တာဝန် ကြီးတယ်။ သူ့ကိုယ်စားသူ့ ဂုဏ်ကို ပြ ခွင့်ရဖို့ ရိုက်ခဲ့တဲ့ အတွက် ဂုဏ်ယူစ ရာလည်းကောင်းတယ်။ ဒါပေမဲ့ ပြ ခွင့် မရခဲ့ဘူး။ဒီလိုမျိုး ရှိခဲ့တယ် ဆိုတာသိစေ ချင်တယ်”လို့ ပြောပြခဲ့ ပါတယ်။

မေမွန်မောင်၊ သိမ့်သိမ့်
Popular Journal