အနုပညာဖြတ်သန်းမှု ပုံရိပ်တွေကို စာအုပ် ထုတ်ဖို့ စီစဉ်မယ့် ကျော်ကျော်ဗို

ပို့စ်တင်ချိန် - 2/25/2014 01:05:00 PM


ကျော်ကျော်ဗိုက ဇာတ်သဘင် လောကမှာ ဇာတ်မင်းသားတစ် ယောက်အဖြစ် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့သလို၊ သရုပ်ဆောင်တစ်ယောက် အဖြစ်လည်း အားပေးမှုရရှိနေ သူပါ။ ဇာတ်သဘင်မျိုးရိုးနဲ့ ငယ်စဉ်ကတည်း က သဘင်လောက ကို မစိမ်းသူပီပီ သူငယ်တန်းထဲက အဘိုးဖြစ် သူရွှေမန်းတင်မောင်ရဲ့ ဇာတ်မှာပါဝင် ကပြ ဖျော်ဖြေခဲ့ ကြောင်း အမှတ်တရပြန်ပြောပြတဲ့ ကျော်ကျော်ဗိုက “သူငယ်တန်းတက်တုန်းက ဘိုးဘိုးရဲ့ ဇာတ်မှာ ကခဲ့ဖူး တာ။ တအားပါချင်တာနဲ့ မဖြစ်မနေ ထည့်ခိုင်း တာ။ဇာတ်တစ်ဖွဲ့လုံးက လည်း ကိုယ့်မိသားစုလိုဖြစ်နေတယ်။ သူတို့ပရိသတ်ကို ဖျော်ဖြေနေတာကို ဘေးကကြည့်ရတာ အားမရဘူး။ ကိုယ်တိုင်လည်း လုပ်ချင်တာ။ လူကြီးတွေပဲ ကတဲ့ဇာတ်ထဲမှာ ပြင် ဆင်ပြီး ဝင်ကတော့တာပဲ။ ကိုကြံ့က ပရိသတ်နဲ့ ငယ်ငယ်ကတည်းက မိသားစုလိုဖြစ်နေတာ။ စင်ပေါ်မှာ မီးထိုးလိုက်လည်း ကြောက် ရကောင်း မှန်းမသိ ဘူး။ ပရိသတ်ကို ရှိန်နေတာ တို့ ကြောက်နေတာတို့မရှိဘူး။ ကိုကြံ့ရဲ့အနုပညာဖြတ်သန်းမှု Life တစ်ခု အမှတ်တရပေါ့။ အနုပညာကို မွေး ကတည်း က ထိတွေ့လာပြီး ပြောတတ်၊ဆိုတတ်တယ်။ ငယ်ငယ် လေးကတည်းက ပရိသတ်ကို ဖျော် ဖြေရကောင်း မှန်းသိနေတာလေ။ အနုပညာအသိုင်းအဝိုင်းမှာ ကြီးပြင်း လာခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုသိုလ်ကံပေါ့။ အဲဒါကြောင့်လည်း အနုပညာကို အခုချိန်ထိ မြတ်နိုး နေတာ။ အနုပညာနဲ့ ပတ်သက်ပြီး နည်းနည်းလေးမှ အထိခိုက်အပွန်း ပဲ့မခံနိုင်ဘူး။ အဓိကက ဘယ်အနု ပညာပဲလုပ်လုပ် ပရိသတ်ကို ဖျော် ဖြေတင်ဆက်နေတယ်ဆိုတဲ့ အသိက ငယ်ငယ်က တည်းကရှိတဲ့အတွက် ကိုယ့်အရွယ်၊ ကိုယ့်အ သက်အပိုင်း အခြားအတွေ့ အကြုံပေါ်မူတည်ပြီး တဖြည်းဖြည်းနဲ့တော့ ဖျော်ဖြေ တင်ဆက်မှုက ရင့်ကျက်လာတာ ပေါ့” လို့ ပြောပြပါတယ်။

အနုပညာဖြတ်သန်းမှုအနေနဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် အမှတ်တရ စာအုပ်ထုတ်ဖို့လည်း စီစဉ်ဖြစ်မယ်လို့ ပြောပြတာကြောင့်

”ဓာတ်ပုံလေးတွေကို သေသေ ချာချာစုဆောင်းမှပဲဖြစ်မယ်။ ကိုကြံ့ အနုပညာ နဲ့ ပတ်သက်တဲ့ ဘဝဖြတ် သန်းမှုတစ်ခုကတော့ ပရိသတ် အတွက် အမှတ်တရဖြစ်အောင် လုပ် မှာပါ။ စာအုပ်ထုတ်ဖို့တော့ စဉ်းစား မိတာရှိပါတယ်” လို့ ပြောပြပါတယ်။

ကျော်ကျော်ဗိုက ပရိသတ်တွေ နဲ့ တွေ့ဆုံမှုကိုတော့ ဖေဖော်ဝါရီလ အကုန်မှာ ပြုလုပ်ဖို့ စီစဉ်နေပေမယ့် အမေရိက ဖျော်ဖြေရေးခရီးစဉ်နဲ့ နီးနေတာကြောင့် ပွဲကို အမေရိ ကက ပြန်လာမှ လုပ်ဖို့ စီစဉ်ဖြစ်မယ်လို့ လည်း ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal