ဘင်္ဂလားဒေ့ရှ်မှပြန်ရောက်လာသည့်ရခိုင်ဒုက္ခသည်များအတွက် မောင်တောမြို့နယ်တွင် နေအိမ်များဆောက်လုပ်ပေးမည်

ပို့စ်တင်ချိန် - 2/25/2014 01:04:00 PM


ကေဇူး|ဖေဖော်ဝါရီ ၂၅၊ အင်္ဂါနေ့၊ ၂၀၁၄ ခုနှစ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော ရခိုင်ဒုက္ခသည်များကို မောင်တောမြို့နယ်အတွင်းရှိ အိမ်ခြေတစ်ရာမပြည့်သော ကျေးရွာငယ်များတွင် နေရာချထားပေးသွားမည်ဟု နယ်စပ်ရေးရာဝန်ကြီးဋ္ဌာ နမှ ဗိုလ်ကြီးသန့်ဇင်က ဖေဖော်ဝါရီ ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

“အိမ်ခြေတစ်ရာမပြည့်တဲ့ ကျေးရွာငယ်တွေမှာ တစ်ရာပြည့်အောင် အိမ်တွေ တိုးချဲ့ဆောက်ပေးမယ်။ လာတဲ့သူတွေအားလုံး တစ်စုတည်းတော့ မဖြစ်ဘူးပေါ့”ဟု ဗိုလ်ကြီးသန့်ဇင်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော ရခိုင်တိုင်းရင်းသား ဒုက္ခသည်များသည် မောင် တောဗဟိုဘုန်းကြီးကျောင်းတွင် နေထိုင်လျက်ရှိသည်။

၂၀၁၂ ခုနှစ်မှစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများသည် လစဉ် မိသား စုသုံးစုမှ ဆယ်စုအထိ ပြန်လာနေသည်ဟု ဗဟိုကျောင်းထိုင်ဆရာတော် ဦးအာစာရက မိန့်ကြားသည်။

အဆိုပါဒုက္ခသည်များကို မောင်တောမြို့နယ်ရှိ အောင်သာယာ၊ လောင်းတော်၊ ငခူရမြို့သစ်၊ တောင်ပြို လက်ဝဲကျေးရွာများတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက နေအိမ်တန်းလျား ၁၂၅ ခုတွင် မိသားစု ၂၀၀ ကို နေအိမ်များ စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်သည်။ အိမ်ခြေတစ်ရာမပြည့်သော ကျေးရွာအုပ်စုများတွင် တိုးချဲ့ဆောက်လုပ်ပေးခြင်း ဖြစ်သည်။

လက်ရှိ မောင်တောဗဟိုဘုန်းကြီးကျောင်းတွင် ဒုက္ခသည် အိမ်ထောင်စုပေါင်း ၂၀၀ ကျော် ကျန်ရှိနေပြီး အဆိုပါဒုက္ခသည်များအတွက် ပြားသားရွာတွင် ၁၅ အိမ်၊ အောင်ဗလကျေးရွာတွင် ၁၇ အိမ်၊ ရပ်ညှိုး တော်ကျေးရွာတွင် ၁၈ အိမ်ဆောက်လုပ်လျက်ရှိသည်ဟု နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ကြီးသန့်ဇင်က ဆို သည်။

“အစိုးရကိုတော့ တင်ပြထားတယ်၊ သူတို့လည်း နေစရာတွေ ဆောက်လုပ်တုန်းဖြစ်တဲ့အတွက် လော လောဆယ် ဦးဇင်းကျောင်းမှာပဲ စောင့်ရှောက်ထားတယ်”ဟု ဦးအာစာရက မဇ္ဈိမကို ပြောသည်။

ပြန်လည်ရောက်ရှိလာသော ရခိုင်တိုင်းရင်းသားများအတွက် နေစရာအိမ်များ ဆောက်လုပ်ပေးနိုင်သော် လည်း ရေရှည်လုပ်ကိုင်စားသောက်နိုင်ရန်အတွက် လယ်ယာမြေများ စီမံဆောင်ရွက်ပေးခြင်းလုပ်ငန်း များ ပြုလုပ်ပေးနိုင်ခြင်း မရှိသေးပေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်တိုင်းရင်းသားများ ရောက်ရှိသွားရခြင်း အကြောင်းနှင့်ပတ်သက်ပြီး ဆရာတော်ဦးအာစာရက “ရခိုင်ဘုရင်တွေလက်ထက်က စစ်တကောင်းထိ သိမ်းပိုက်ခဲ့တဲ့အတွက် အဲဒီမှာနေခဲ့တဲ့ ရခိုင်လူမျိုးတွေဖြစ်တယ်၊ ရခိုင်-ဘင်္ဂါလီ ပဋိပက္ခကြောင့် ဘင်္ဂလား ဒေ့ရှ်မှာ ဘုန်းကြီးကျောင်းတွေ မီးရှို့မှုဖြစ်ပြီးနောက်ပိုင်း ဒီဘက်ကို တဖြည်းဖြည်း ပြန်လာကြတယ်။ လ စဉ် တစ်သုတ်ပြီး တစ်သုတ် ပြန်လာကြတယ်”ဟု မိန့်သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် အိမ်ထောင်စု ၁၀ စု လူဦးရေ ၃၀ ခန့် ထပ်မံရောက်ရှိလာသည်။ ယင်းဒုက္ခ သည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ်ချောင်းစရီမြို့နယ်၊ ရင်္ဂါမတီမြို့နယ်၊ ရွာတော်မြို့နယ် (မြန်မာ အခေါ်)၊ အလယ်ခေါ်တောင်မြို့နယ်(မြန်မာအခေါ်) စသော ဒေသများမှ ပြောင်းရွေ့လာသူများ ဖြစ်သည် ဟု ဦအာစာရက မိန့်ကြားသည်။

Mizzima Burmese