နယ်စည်းမထားဆရာဝန်အဖွဲ့ရခိုင်မှ မထွက်မချင်း ဆန္ဒပြမည်ဟုဆို

ပို့စ်တင်ချိန် - 2/25/2014 02:38:00 PM


ဘင်္ဂါလီများဘက်မှ ဘက် လိုက်သည်ဟုဆိုကာနိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ် သည့်နယ်စည်းမထားဆရာဝန်များ  အဖွဲ့ (MSF)ကို ဒုတိယအကြိမ် အဖြစ် ရခိုင်ဒေသခံတစ်ရာကျော် က ဆန္ဒထုတ်ဖော်မှုတစ်ရပ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို  ရခိုင်လူမှုကွန်ရက်ကဦးဆောင်ပြု  လုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်လူမှုကွန် ရက်မှ ခေါင်းဆောင်တစ်ဦးဖြစ် သည့် ဒေါ်မညိုအေးက အဆိုပါ အဖွဲ့မထွက်မချင်းဆန္ဒထုတ်ဖော် သွားမည်ဟုဆိုထားသည်။

အဆိုပါဆန်္ဒထုတ်ဖော်မှုကို စစ်တွေ AZG (MSF) ရုံးရှေ့တွင် ဆန်္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး AZG (MSF)  အနေဖြင့် အင်္ဂါလီ များအပေါ်ဘက်လိုက်မှုများရှိနေ သည်ဟုဆိုကာ ဒေသခံများက ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်ခြင်း လည်းဖြစ်သည်။

“ကျွန်တော်တို့စောင့်ကြည့် နေတာကြာပြီ။မောင်တောဖြစ်စဉ်   မှာလည်းသေနတ်ဒဏ်ရာနဲ့ အနာ တရဖြစ်ခဲ့တဲ့သူတွေရှိတယ်ဆိုပြီး ပြည်ပသတင်းဌာနကို ပြောဆိုထား  တာရှိတယ်။ ဒါဟာဘက်လိုက် တာတင်မကဘူး။ ကျွန်တော်တို့ နိုင်ငံကို  ပဋိပက်္ခထပ်ဖြစ်အောင် လုပ်တာနဲ့  အတူတူပဲ”ဟု စစ်တွေ ဒေသခံတစ်ဦးက ၎င်းအမြင်ကို ပြောသည်။

မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ရဲတပ်ကြပ်ကြီးတစ် ဦးသေဆုံးမှုဖြစ်ရပ်၌MSFက ဘင်္ဂါလီအချို့သေနတ်ဒဏ်ရာရရှိ သူများကို ဆေးဝါးကုသခဲ့သည်ဟု  ပြည်ပသတင်းဌာနတစ်ခုသို့ပြောဆို  ထားသည့်အတွက်ဒေသခံများက ရခိုင်ပြည်က ထွက်သွားရန်တောင်း  ဆိုခြင်းလည်းဖြစ်သည်ဟုဆန္ဒထုတ် ဖော်သူတစ်ဦးကဆိုသည်။

ပထမအကြိမ်က မြို့ပတ်ပြီး  တောင်းဆိုခဲ့ကြသော်လည်း ယခု ဒုတိယအကြိမ်တွင် ရခိုင်ပြည်သူ (၁၅၀) ခန့်က စစ်တွေAZG (MSF) ရုံးရှေ့၌ ဆန်္ဒထုတ်ဖော်ခဲ့ ခြင်းဖြစ်သည်။      


မြစ်မခ
Hot News Weekly