Safe Guard မလိုဘဲ ဗို့အားအတက်အကျ ထိန်းနိုင်မည့် လေအေးပေးစက် ဝင်ရောက်လာ

ပို့စ်တင်ချိန် - 2/25/2014 12:25:00 PM


LG အမှတ်တံဆိပ် Auto Voltage Switcher Split-Type လေအေးပေးစက် ဈေးကွက်အတွင်း ဝင်ရောက်လာကြောင်း သိရသည်။ မည်သည့် Safe Guard မှ မလိုဘဲ ဗို့အားအတက်အကျ ထိန်းနိုင်မည့် စနစ်ပါဝင်လာသည်ဟု သိရသည်။ မြန်မာပြည်တွင်း ဗို့အားစမ်းသပ်မှု ရလာဒ်များအပေါ် အခြေခံထားကာ ထုတ်လုပ်ထားပြီး လျှပ်စစ်ဓာတ်အား၏ ဗို့အား 165 V (Voltage) အောက် (သို့်) 290 V အထက်ရှိခဲ့ပါက ယင်းစနစ် စတင်လုပ်ဆောင်မည်ဖြစ်ပြီး ကွန်ပရက်ဆာ (Compressor) ပျက်စီးမှု မရှိစေရန်အတွက် ကာကွယ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်းလေအေးပေးစက်ရှိ ကွန်ပရက်ဆာကို ငါးနှစ်အာမခံ သက်တမ်းပေးထားပြီး LG \ AVS စနစ်မှ ဗို့အားထောက်ပံ့ပေးမှုကို သုံးမိနစ်တစ်ကြိမ် အလိုအလျောက် ပြန်လည်စစ်ဆေးပေးနေမည်ဖြစ်သဖြင့် လုံခြုံစိတ်ချရသည့် ဗို့အားအခြေအနေတွင် အလိုအလျောက် ပြန်လည်အလုပ်လုပ်စေမည် ဖြစ်ကြောင်း သိရသည်။ စိတ်ဝင်စားသူများအနေ ဖြင့် LG Brand Show Room (မန္တလေး) ဖုန်း ၀၉-၅၄၀၂၀၉၆ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မည် ဖြစ်သည်။



ကောင်းမြတ်ထွန်း၊ မန္တလေး
Internet Journal