ကျေးရွာအုပ်ချုပ်ရေးမှုမှ မူးယစ်သောက်စားပြီး ရပ်ကွက်အတွင်း ရမ်းကား

ပို့စ်တင်ချိန် - 2/25/2014 12:01:00 PM


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ကုလားဝဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေး မှူးမှ ၄င်းကျေးရွာနေ မောင်ဇင်မျိုး(ဘ)ဦးဌေးဝင်း(ကုလားဝဲကျေးရွာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ရပ်/ကျေး အလုပ်အမှုဆောင်မှုဆောင်)အား ကိုယ်ထိရောက်စော်ကားခြင်းဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။
  အဆိုပါ အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ (၂၃.၂.၂၀၁၄)ခုနှစ်၊ည(၁၀း၀၀)အချိန်ခန့်တွင် ကုလားဝဲ ကျေးရွာ၊ဦးမောင်ဘို၊ဒေါ်မြကြွယ်တို့၏ အလှူမင်္ဂလာမဏ္ဍပ်၌ အလှူ ရှင်မိသားစုဖိတ်ကြားချက်အရ ခေတ်ရှေ့ မောင်လူငယ်ဒိုးဝိုင်းမှ ဧည့်ခံဖျော်ဖြေနေစဉ် ယင်း ကျေးရွှာအုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါတစ်စုမှ မူးယစ် သောက်စားရောက်ရှိလာပြီး၊၄င်းတို့အဖွဲ့ထဲမှ ဦးချောင်းဆိုသူမှ ပျော်ပါးပြီး ဝင်ရောက်ရာမှ ၄င်းတို့ကိုယ့် ၄င်းတို့ မထိန်းသိမ်းနိုင်ပဲ လဲကျသည်ကို အုပ်ချုပ်ရေးမှူးဦးလှဟန်မှ ဒိုးဝိုင်းအတွင်းဖျော်ဖြေနေသူ(ဘ)ဦးဌေးဝင်း၏သား မောင်ဇင်မျိုးအား ၃ချက်ဆက်တိုက်ထိုးပြီး မောင်အောင်သက်နိုင်အား ကန်သဖြင် လူငယ်အဖွဲ့နှင့် လူကြီးများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားခြင်းကိစ္စနှင့်ပတ်သက်၍ အလှူရှင်များမှ လူငယ်အဖွဲ့အား မေတ္တာရပ်ခံသဖြင့် အေးချမ်းစွာ ပြီးမြောက်ခဲ့ပါသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကုလားဝဲ၊ရပ်/ကျေးရွာအလုပ်အမှုဆောင်များအနေဖြင့် အုပ်ချုပ်ရေးမှူး အာဏာကို အလွဲသုံးစားပြုလျက် ပြည်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်စော်ကားသူအား အရေးယူဆောင် ရွက်ပေးရန်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၊ရန်ကုန်တိုင်းဒေသကြီးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး၊အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ဥက္ကဌ၊တောင်ပိုင်းခရိုင်အလုပ်အမှုဆောင်အဖွဲ့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊မြို့နယ်အုပ်ချုပ်ရေးမှူး၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊သန်လျင်မြို့နယ်တို့သို့တိုင်ကြားစာများအသီသီး ပေးပို့၍ အမြန်ဆုံးစီစစ်အရေးယူဆောင်ရွက်ပေးပါရန်တင်ပြထားရှိကြောင်း သိရှိရပါသည်။

မြင့်မြတ်အောင်မြင်
ဖုန်း၀၉၄၂၁၀၂၂၅၇၈
Myanmar CNN မှ တင်ဆက်သည်