ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့တွင်မြန်မာ စစ်တပ် ပါဝင်တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းထား

ပို့စ်တင်ချိန် - 3/05/2014 10:11:00 PM


ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့တွင်မြန်မာ စစ်တပ် ပါဝင်တာဝန်ထမ်းဆောင်ရန် ၂၀၁၂ခုနှစ်မှစ၍ကမ်းလှမ်းထားသော်လည်း ယခုလက်ရှိတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ကုလသမဂ္ဂငြိမ်းချမ်းရေး အဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အရင်တုန်းက ငြိမ်းချမ်းရေး ၊ကုလသမဂ္ဂ ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့ မြန်မာ့တပ်မတော်နေနဲ့ ပါဝင်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ခဲ့တာ ဒါခုချိန်ထိဖြစ်ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်က စပြီးတော့ မြန်မာနိုင်ငံကို ဒီကုသမဂ္ဂငြိမ်းချမ်းရေး ပါဝင်ခွင့်နဲ့ ပက်သက်ပြီးတော့ ၀င်ရောက် ဆောင်ရွက်နိုင်ဖို့တွက် ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်. ကျွန်တော်တို့ လိုအပ်တဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေ ကျွန်တော်တို့ လုပ်ခဲ့တာ ရှိပါတယ်။ လတ်တလော နေနဲ့တော့ ပါဝင်ဆောင်ရွက်မှု မရှိ သေးပေမယ့်လည်း မနှစ်က ကျွန်တော်တို့ လုပ်ခဲ့ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင်ခဲ့ရတာ ရှိပါတယ်" ဟုပြောကြားခဲ့သည်။

Messenger News Journal