ကိုယ့်ကိုကိုယ် သေကြောင်း ကြံစည်မှုတစ်ခု ပဲခူးဖြစ်ပွား

ပို့စ်တင်ချိန် - 3/05/2014 01:47:00 PM


ပဲခူးမြို့၊အမှတ်(၂)ရဲစခန်းအပိုင် တွင် (၃.၃.၂၀၁၄)နေ့ ည (၂း၀၀)အချိန်ခန့်က ဇိုင်း/တောင်ရပ်ကွက်၊ဖောင်တော်ဦးဘုရားလမ်းတွင် မိမိကိုယ်ကို ဓါးဖြင့် ထိုး သတ်မှုတစ်ခု တစ်ခုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ဒေါ်သန်းဌေး (၅၅)နှစ်၊(ဘ)ဦးတင်ရွှေ ၏နေအိမ်တွင်အတူနေသားမက်ဖြစ်သူမျိုးမင်းသန့်(၂၉)နှစ်၊(ဘ)ဦးတင်ဝင်း၊ကျဘမ်း၊ဗုဒ္ဓ မှာကျန်းမာရေးမကောင်းသဖြင့် နေအိမ်အိပ်ခန်း တွင်အိပ်နေပြီး ဒေါ်သန်းဌေးနှင့် သမီးဖြစ်သူ မ၀တ်ရည် (မျိုးမင်းသိန်း ဇနီး)၊သားသမီး(၄)ဦးတို့သည်
နေအိမ်အပေါ်ထပ် ဧည့်ခန်းတွင် တီဗွီကြည့်နေရာမှ မ၀တ်ရည် မှ ခင်ပွန်းဖြစ်သူမျိုးမင်းသိန်းအိပ်နေသောအိပ်ခန်းအတွင်းဝင်ရောက် ကြည့်ရာ စောင်ခေါင်းမြီးခြုံ အိပ်နေသည်ကိုတွေ့ရှိ၍ မျက်နှာအားလှန်ကြည့်ရာ
သွေးများတွေ့သဖြင့် မိခင်ဖြစ်သူ ဒေါ်သန်းဌေးအား ခေါ်ပြီး ခြုံ ထားသော စောင်အား လှန်ကြည့်ရာမျိုးမင်းသိန်း၏ယာဘက်လက်တွင်အရိုးအသွား(၁၀)လက်မ
ဓါးမြောင်အားကိုင်ထားပြီး ရင်ညွှန့်တွင် (၂)လက်မ ခန့်အရှည်ရှိထိုးသွင်းဒဏ်ရာ(၁)ချက်တွေ့ရှိသဖြင့်ပဲခူးဆေးရုံသို့တင်ပို့ခဲ့ရာရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ ပြီး သေဆုံးသူ မျိုးမင်းသိန်း သည် တနသာင်္ရီ တိုင်းဒေသကြီး ကော့သောင်းမြို့တွင် ဆီအုန်းစိုက်ပျိုးရေး လုပ်သားအဖြစ်သွားရောက် လုပ်ကိုင်ခဲ့ပြီး ဌက်ဖျားရောဂါ စွဲကပ်၍ နေအိမ်သို့ ပြန်လည်ရောက်ရှိလာရာ ဌက်ဖျားရောဂါကြောင့် ပဲခူးဆေးရုံတွင် မကြာခဏ ဆေးကုသခံရခြင်းနှင့် စိတ်ဂရောင် ခြောက်ခြား စိတ်ဖောက်ပြန်သော ဝေဒနာခံစားနေသူဖြစ် ပြီး သေဆုံးခြင်းမှာ ဓမ္မတာတိုင်း သေဆုံးဟုတ်မဟုတ် သေမှုသေခင်းစစ်ဆေးပေးပါရန်
ဒု-ရဲအုပ် သူရအောင်မှ တရာလိုပြုတိုင်တန်းသဖြင့်ပဲခူးအမှတ်(၂)ရဲစခန်းမှ
သေမှုသေခင်းအမှတ်(၅/၂၀၁၄)အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

ပဲခူးမြို့ရဲ့ထူးခြားသတင်းများ