ဘာစီလိုနာကို ပူယိုးလ် ကျောခိုင်းတော့မည်

ပို့စ်တင်ချိန် - 3/05/2014 09:21:00 AM



ဘာစီလိုနာတွင် ၁၄နှစ်ကြာ ကစားခဲ့သည့် နာမည်ကျော်
နောက်ခံလူ ပူယိုးလ်မှာ ယခုရာသီ အကုန်တွင် ဘာစီလိုနာမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုပြောကြားခဲ့သည်။ အသက် ၁၇နှစ် အရွယ်၌ လူငယ်ပွဲစဉ်(၈၀)ကျော် ကစားခဲ့သည့် ပူယိုးလ်မှာ ၁၉၉၉ခုနှစ်တွင် နည်းပြဗန်ဂေါလ်၏ ဘာစီလိုနာ အသင်းကြီးအတွက် ခေါ်ယူခံခဲ့ရပြီး ဘာစီလိုနာနှင့်အတူ လာလီဂါဖလား (၆)လုံး၊ ချန်ပီယံလိဂ်ဖလား(၃)လုံး၊ စပိန်ဘုရင့်ဖလား(၂)လုံး၊ ဥရောပစူပါဖလား(၂)လုံး၊ ကမ္ဘာ့ကလပ်ချန်ပီယံဖလား(၂)လုံး ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

ပူယိုးလ်က “ဒူးနှစ်ဖက် ခွဲစိတ်ကုသမှု ခံယူပြီးတဲ့နောက် စိတ်ထဲရှိသလောက် မကစားနိုင်တော့ပါဘူး။ ဒါပေမဲ့ ပရိသတ်တွေကို ကတိပေးချင်တာက ဒီ(၃)လအတွင်း အသင်းအတွက် အစွမ်းကုန် ကြိုးပမ်းပေးသွားမှာပါ။ ရာသီကုန်ရင်တော့ ကျွန်တော် အနားတော့မှာပါ”ဟု ပြောခဲ့သည်။ ပူယိုးလ်မှာ ပြီးခဲ့သည့် သီတင်းပတ်က ကစားခဲ့သည့် အယ်လ်မီရီယာနှင့်ပွဲတွင် အသင်းအတွက် ဂိုးသွင်းပေးနိုင်ခဲ့ပြီး ဘာစီလိုနာအတွက် ပွဲ(၇၀၉)ပွဲ ကစားပေးထားသည့် ဇာဗီမှာလည်း ဂိုးသွင်းယူနိုင်ခဲ့ကာ ၎င်းတို့နှစ်ဦးစလုံး ဂိုးသွင်းနိုင်ခဲ့သည့် ပထမဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။


@z (ရိုးရာလေး)