Candy အမှတ်တံဆိပ် ကာကွယ်ခွင့်လျှောက်ထားမှုကို CandyCrush developer ရုတ်သိမ်း

ပို့စ်တင်ချိန် - 3/05/2014 11:24:00 AM


Candy Crush developer King ကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် Candy အမှတ်တံဆိပ်အား အတုပြုလုပ်ခြင်းနှင့် ခိုးယူခြင်းတို့မှ ကာကွယ်ရန်လျှောက်ထားမှုကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဥရောပတွင်မူ King ကုမ္ပဏီအနေဖြင့် Candy အမှတ်တံဆိပ်ကို ဉာဏ်ပိုင်ပစ္စည်းတစ်ရပ်အဖြစ် ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။ King ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နိုင်ငံတွင် Candy အတွက် အမှတ်တံဆိပ်လျှောက်ထားမှုကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် ၎င်းလျှောက်ထားမှုကို Candy Crusher အစောပိုင်း မူပိုင်ခွင့်များမရရှိမီ ဖေဖော်ဝါရီ ၂၀၁၃ ခုနှစ် ကတည်းက လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ King ကုမ္ပဏီသည် ယခုအခါတွင် Saga ဟူသည့်အမည်အပေါ် The Banner Saga ဖန်တီးသည့် Stoic Studio များဖြင့် တရားရင်ဆိုင်နေရသည်။
-စိုးထက်
Ref : Gamespot
Internet Journal