၈၈ မျိုးဆက် ဦးကိုကိုကြီး မင်္ဂလာ လက်ထပ် လက်မှတ်ထိုး

ပို့စ်တင်ချိန် - 3/05/2014 11:23:00 AM



ဓာတ်ပုံ- Burma Joe

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးနဲ့ မခင်သူသူဝင်းတို့ဟာ ဒီကနေ့ မနက်ပိုင်း က ရန်ကုန်မြို့ မဟာဗန္ဓုလမ်းရှိ၊ ရန်ကုန်တိုင်း တရားလွှတ်တော်မှာ လက်ထပ်မင်္ဂလာ လက်မှတ်ရေးထိုးကြ ပါတယ်။

မင်္ဂလာ လက်ထပ်ထိမ်းမြားခြင်း လက်မှတ်ရေးထိုးပွဲကို လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဦးမင်းကိုနိုင်
အစရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသား၊ ကျောင်းသူတွေ၊ ဦးကိုကိုကြီးရဲ့ တဦးတည်းသော ညီဖြစ်တဲ့ ဦးအောင်အောင်ထွန်း တို့ မိသားစုနဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေ တက်ရောက်ခဲ့ကြပါတယ်။

အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ် ၂ ခုကျော် လူငယ်ဘဝကို ပေးဆပ်ခဲ့ရအပြီး အခုအချိန်မှာ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးကိုကိုကြီးနဲ့ လက်ထပ် ထိမ်းမြား မင်္ဂလာ လက်မှတ်ရေးထိုးလိုက်တဲ့ သတို့သမီးကတော့ ကလေးမြို့နယ် ၁၉၉၀ ခုနှစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းဝင်း ( ကွယ်လွန် ) ရဲ့ သမီး ဖြစ်ပါတယ်။ သူ့ကို အများကတော့ ချစ်စနိုး ဘုတ်ဘုတ်လို့ ခေါ်ပါတယ်။ အခုလို

လက်ထပ်ထိမ်းမြားလက်မှတ်ရေးထိုးလိုက်တဲ့အပေါ် လူ ပျိုကြီး ဇာတ်သိမ်းသွားတဲ့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးအတွက် မင်္ဂလာဆုတောင်းတွေလည်း ဝေဝေဆာဆာ ထွက်ပေါ်နေ ပါတယ်။


အိမ့်သံစဉ် ~
The Irrawaddy