မိုက်တီးရဲ့ ရိုက်ချက်

ပို့စ်တင်ချိန် - 3/14/2014 10:21:00 AM


သမ္မတသိန်းစိန် နှင့် အရှင်ဝီရသူတို့ရဲ့ မျိုးစောင့် ဥပဒေ ဒါတွေနဲ့ မဆိုင်....
(ဒါရိုက်တာ မိုက်တီး)

ကျွန်တော်ရောက်ဖူးတဲ့ အနှိပ်ခန်းမှာ မိန်းကလေးအယောက် ၇၀ ရှိတယ်ဗျ ၊...
နိုက်ကလပ်ကတော့ တော်တော်များများ ရောက်တယ် ၊ နိုက်ကလပ်တစ်ခုမှာ အနဲဆုံး မရှိဘူးဆို ကောင်မလေး အယောက် ၅၀ တော့ရှိတယ် ၊
ကာရာအိုကေ တစ်ခုမှာ ဗျမ်းမျှ အယောက် ၄၀ ထား ၊
နောက် - စင်တင်မှာက ၄၀ ပေါ့ဗျာ
နောက် - ခေါင်းလျှော်ဆိုင်ကို ၁၀ ယောက်နှူံ့းထား - အဲ. . ပြီးတော့
. . . .ဘိ ။
နောက်ပိုင်းက တနိုင်တပိုင်တွေများတော့ ဗျမ်းမျှ ၅ ယောက်နှုံးထား
(ဆရာကြီးလေသံဖြစ်သွားလို့ အထင်တော့မကြီးလိုက်နဲ့အုံးနော် ဒါတော့ ကြားဖူးနားဝ ဗျ)

အဲ - နောက်တဆက်ထဲက
ပါဆယ် ဂျိုင့်ဆွဲ DHL များ
( ဒါလည်းမြင်ဖူးတာ ၊ နည်းပညာတွေကတိုးတက်လာတော့ အရွေးမမှားဖို့အရေး ဖုံးထဲကနေ ဓါတ်ပုံလေးပါပို့ပေးသေးတာဗျာ၊ ဝန်ဆောင်မှူ့တွေက အဲ့လို ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေတာ )
ဒါကတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ဆိုတော့ ... ထားပါ . .ဗျမ်းမျှ ၅ ယောက်ပဲထားအုံး ၊

ကဲ -
ရန်ကုန်တမြို့ထဲမှာပဲ အဲဒီမိန်းကလေးတွေ အားလုံးဘယ်နှစ်ယောက်တောင်ရှိမလဲ ပေါင်းကြည့်စမ်းပါဗျာ ၊

အယောက် ၄၀၀၀၀ ဆိုများမယ်ထင်လား !
ကာရာအိုကေ တခုထဲနဲ့တင် ၅၀၀၀ ရှိတယ်နော် ၊
ဟ င်းးးးး !!!

အဲဒါ အသက် ၁၆ နှစ် ကနေ ၃၀ အတွင်း မိန်းကလေးတွေဗျ ၊ အမျိုးသမီးရေးရာ ဘာပြောမှာလဲ !
လူမှူ့ဝန်ကြီး ဘာပြောမလဲ !!
အစိုးရ ဘာလုပ်ပေးမလဲ !
ဘာလုပ်ပေးခဲ့လဲ !

နောင်တခေတ် လွှတ်တော်ထဲလား ?
အမျိုးသမီးများရဲ့နိုင်ငံရေးဦးဆောင်မှူ့အခမ်းကဏ္ဍလား ?

ကဲဘယ်လိုလုပ်မလဲ ?

ဒါက တိတိကျကျ ဝမ်းရေးအတွက်ရှာဖွေစားသောက်နေကြရှာတဲ့ ကလေးတွေ နော် ၊
ဒိုင်ရှိုအကြီးစားတွေမပါသေးဘူး -
ကုမ္ပဏီတောက်တိုမယ်ရနဲ့ အိမ်ဖေါ်မပါသေးဘူး ၊
ပြီးတော့ အဆိုးဆုံးက -
မခိုင်းသင့်မခိုင်းအပ်ရာ မတန်မရာကို လူ့ဂုဏ်သိက္ခာမဲ့စွာအလုပ်လုပ်ပေးနေကြရတဲ့ . . .
လမ်းဘေး အရက်ဘီယာဆိုင်တွေမှာ စီးကရက် အရက် လိုက်ကြော်ငြာပေးနေရသူလေးများ မပါသေးဘူး ၊
( အရှင်လတ်လတ် လူညွှန့်တုံးကာ ဘဝပျက်စေတာ )

ကဲ - အဲဒါ ရန်ကုန်တစ်မြို့ထဲဗျ
ပြီးရင် တတိုင်းပြည်လုံးကို တွက်. . .
နောက် ပြည်ပမှာ ထွက်လုပ်နေကြရတဲ့ သူလေးတွေကိုတွက် -
ဟာာာ !!!
ဒါ ဖါ နိုင် ငံ မှ ဟုတ် ရဲ့ လား ¿¿
. . . . . . .
ပြီးတော့ အဲဒါတွေ အားလုံးအတွက် အကျိုးဆက် . . . . .
. . .

နောက် . . .
နောက် . . .
နောက် . . . အာ့  ¡¡

အသက် ရှူ လို့ တောင် ရ ပါ အုံး မ လား ဗျာ

Mike Tee (ဒါရိုက်တာ မိုက်တီး)