ကျေးရွာ အုပ်ချုပ်ရေးမှုး တီထွင်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး မော်တော်ဆိုင်ကယ်

ပို့စ်တင်ချိန် - 3/14/2014 03:50:00 PM


ယနေ့ မောင်နှင်နေတဲ့ မော်တော်ဆိုင်ကယ် တွေလိုမျိုး မဟုတ်ပါဘူး။ အစောပိုင်း ကာလတုန်းက တီထွင်လိုက်တဲ့ မော်တော်ဆိုင်ကယ်ဟာ ဘီးကတော့ စက်ခါးပတ်ကြိုး တွေဖြစ်တယ်လို့ သိရပါတယ်။ ထုထည် ပမာဏကြီးမား သည့်အပြင် အမြန်နှုန်း ကတော့ 25 m.p.h ဖြစ်တယ်လို့ သိရပါတယ်။

၎င်းမော်တော်ဆိုင်ကယ်ကို tractor-cycle လို့ အဲဒီခေတ် တုန်းက ခေါ်ဝေါ်ကြ ပါတယ်။ တီထွင်ခဲ့တဲ့ သူတွေကတော့ J. Lehaitre ဖြစ်ပြီး သူဟာ အင်္ဂလန်နိုင်ငံမှ ကျေးရွာ အုပ်ချုပ်ရေးမှုး တစ်ယောက် ဖြစ်ကြောင်း သိရပါတယ်။

၎င်းဆိုင်ကယ်ဟာ ထုထည်ကြီးမားတယ် ဆိုပေမယ့် ခရီးသွားလာလို့ ရကြောင်း သိရပါတယ်။ ဒီဇိုင်းကတော့ တင့်ကားနဲ့ အသွင်တူတယ်လို့ ဆိုရမှာပေါ့။

Smart Pro Journal