ဆီးရီးယားအရေးကို မေ့လျော့ထားလျှင် ကပ်ဘေးဆိုက်နိုင်

ပို့စ်တင်ချိန် - 3/14/2014 09:38:00 PM


ရိုက်တာ

ဝါရှင်တန်၊ မတ် ၁၃

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောကြားရာတွင် ၎င်းတို့ အနေဖြင့် ယူကရိန်းမှလ ဒုက္ခသည်များ ကိုင်မီးယားဒေသမှ ထွက်ပြေးလာလျှင်ကူညီရန် အသင့်ရှိကြောင်း သို့သော် ၎င်းအနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆီးရီးယားအရေးကို မေ့လျော့ထားလျှင် ကပ်ဘေး ဖြစ်လာနိုင်မည်ကို စိုး ရိမ်မိသည်ဟု ကုလ သမဂ်္ဂ ဒုက်္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ အန်တိုနီရိုဂတ်တိုနီရိုက ပြော ကြားခဲ့သည်ဟု မတ်လ ၁၃ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၎င်းက ၀ါရှင် တန်သို့ ဆီးရီးယားဒုက္ခသည် အကျပ်အတည်းကိစ္စရပ်ကို ဆွေးနွေးရန်ရောက်ရှိနေစဉ် ပြောကြားခဲ့ရာတွင်

“ပြီးခဲ့တဲ့လက ဂျီနီဗာဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးတဲ့နောက် ဆီးရီးယားအရေး ဖြေရှင်းရန် အမေရိကန်နဲ့ ရုရှတို့ရဲ့ ကြိုးပမ်းမှုတွေက အတော် နှေးကွေးသွားပါတယ်။ ယခု ယူကရိန်းကိစ္စရပ်ပါ ပါဝင်လာတော့ ပို ဆိုးရွားလာစေပါတယ်” ဟု ပြောကြားခဲ့သည်။

“ဆီးရီးယားငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဖို့လိုအပ်နေချိန်မှာ ယူကရိန်းကိစ္စရပ်ကြောင့် ကျွန်တော်တို့အတွက် အခက်တွေ့ စေပါတယ်” ဟု ပြောကြားခဲ့သည်။

ကမ္ဘာ့အရေးကိစ္စတွေမှာ တာဝန်အရှိ ဆုံးနိုင်ငံတွေအနေနဲ့ ဆီးရီးယားအရေးကို မေ့လျော့ထားခြင်းသည် လည်း ကပ်ဘေးသို့ ဆိုက်နိုင်ကြောင်း သတိပြုစေလိုပါတယ်ဟု ပြောကြားခဲ့သည်။ ၀ါရှင်တန်နှင့် မော်စကို တို့ကြားတွင် တင်းမာမှုများသည် ရုရှက ယူကရိန်းပိုင် ကရိုင်းမီးယားဒေသကို သိမ်းပိုက်ပြီးနောက် အဆိုး ရွားဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။

Mizzima Burmese