Android Q & A

ပို့စ်တင်ချိန် - 3/14/2014 04:06:00 PM


ကျွန်တော့်ရဲ့ ဖုန်းက Samsung ဟန်းဆက်ပါ။ Android OS စနစ် အသုံးပြုဖုန်းဖြစ်ပါတယ်။ ဖုန်းကိုကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး အသုံးပြုဖို့အတွက် Sidesync ဆိုတဲ့ Application ကိုအသုံးပြုပြီးတော့ PC နဲ့ ချိတ်ဆက်အသုံးပြုလို့ ရနိုင်ပါသလားဆိုတာ သိပါရစေခင်ဗျာ။ ပြီးတော့ PC အတွက် Sidesync ကိုဘယ်နေရာမှာ Download ပြုလုပ်လို့ ရနိုင်မလဲဆိုတာလေးကိုလည်း သိပါရစေခင်ဗျာ။

Android OS စနစ်သုံး Samsung ဖုန်းတွေကို ကွန်ပျူတာ PC တွေနဲ့ချိတ်ဆက်ပြီး အသုံးပြုတဲ့ Sidesync ဆိုတဲ့ Application ကို အသုံးပြုလို့ရနိုင်ပါတယ်။ Sidesync ဆော့ဖ်ဝဲကို အသုံးပြုပြီး ချိတ်ဆက်အသုံးပြုမယ်ဆိုရင်တော့ ဒီစနစ်ကိုအသုံးပြုဖို့အတွက် ဆော့ဖ်ဝဲမှာ ကန့်သတ်ချက်အနည်း ငယ်ရှိနေတာ တွေ့ရပါတယ်။ အဲဒါကတော့ ဒီဆော့ဖ်ဝဲကို အသုံးပြုမယ်ဆိုရင် ကိုယ့်ဖုန်းရဲ့ OS ersion ဟာအနိမ့်ဆုံး ICS (ice cream sandwich) ဖြစ်ရမှာဖြစ်ပြီး ၄.၀ အနည်းဆုံးရှိရမယ်လို့ ဆိုပါတယ်။ ဒါမှသာဒီဆော့ဖ်ဝဲကို အသုံးပြုပြီး ကွန်ပျူတာကိုချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကို Download ပြုလုပ်ရယူချင်တယ်ဆိုရင်တော့ http://goo.gl/xmDGi1 ဆိုတဲ့ Link မှာ Download ပြုလုပ်ရယူနိုင်ပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲကို Download ပြုလုပ်နိုင်ဖို့အတွက်တော့ ကိုယ့်မှာ Samsung Account ရှိဖို့လိုအပ်ပါလိမ့်မယ်။ ဝက်ဘ်ဆိုက်ပေါ်မှာ ဆော့ဖ်ဝဲကို Download ပြုလုပ်ဖို့အတွက် Samsung Account ကိုဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဆော့ဖ်ဝဲကို အသုံးပြုတဲ့ နည်းစနစ်တွေကိုလည်း အသေးစိတ်ဖော်ပြ ပေးထားတာရှိပါတယ်။ ဆော့ဖ်ဝဲဖိုင်ရဲ့ အရွယ်အစားကတော့ 5.60MB ရှိမှာဖြစ်ပါတယ်။



-ကိုသက်
Internet Journal