Q & A (Education)

ပို့စ်တင်ချိန် - 3/14/2014 03:49:00 PM


B.Pharm နဲ့ကျောင်းပြီးထားပါတယ်။ Pharmacy နဲ့ ပတ်သက်ပြီး စင်ကာပူ၊ အင်္ဂလန်မှာ ပညာ ဆက်လက်သင်ယူလိုပါတယ်။

စင်ကာပူ အစိုးရတက္ကသိုလ်တွေမှာပဲ  Pharmacy ဘာသာရပ်ရှိပြီး ကျောင်းဝင်ခွင့် အရမ်းခဲယဉ်းပါတယ်။ စင်ကာပူ ပုဂ္ဂလိက ကျောင်းများမှာတော့ Pharmacy ပရိုဂရမ်ပါဝင်တဲ့ ကျောင်းမရှိပါ။ ယူကေရှိ Univeristy of Central Lancashire မှာတော့ ဘွဲ့ကြို၊ ဘွဲ့လွန်  Pharmacy ရှိပါတယ်။ မြန်မာနိုင်ငံမှ B.Pharm ဖြင့် ဘွဲ့ရပြီး IELTS 6.0 ရှိပါက MSc Industrial Pharmaceutics (သို့) MSc Pharmaceutical Biotechnology စတဲ့ ဘာသာရပ် လျှောက်ထားကြည့်နိုင်ပါတယ်။ ထူးချွန်ပါက တစ်စိတ်တစ်ပိုင်း ပညာသင်ထောက်ပံ့ကြေးရရှိနိုင်ပြီး သက်ဆိုင်ရာ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကြီးများတွင် သွားရောက်လေ့လာသင်ယူရသော Industrial visit အစီအစဉ်ပါဝင်ပါတယ်။

အမေရိကားမှာ ဘွဲ့လွန်ဆေးပညာဘာသာရပ် သင်ယူလိုပါတယ်။ Clinical ပိုင်း မဟုတ်တဲ့ ဘွဲ့လွန် ပရိုဂရမ်မျိုးကို ပိုစိတ်ဝင်စားပြီး GRE/GMAT ပြင်ဆင်ရန် လိုအပ်သလားဆိုတာလည်း သိချင်ပါတယ်။

မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာကျောင်းသားတွေအနေနဲ့ အမေရိကန်ရှိ တက္ကသိုလ်များတွင် Master ပရိုဂရမ်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည် မဟုတ်ဘဲ Pre Master မှတစ်ဆင့် သွားရောက် ရလေ့ ရှိပါတယ်။ Pre-Master မှာ ၈ လ ခန့်ကြာမြင့်မည် ဖြစ်ပြီး GRE/GMAT မလိုဘဲ လျှောက်ထားနိုင်ပါတယ်။ မြန်မာနိုင်ငံမှ  MBBS ဘွဲ့ရရှိထားပြီး IELTS  5.5  ရှိပါက လျှောက်ထားနိုင်သော ဘာသာရပ် အချို့တွေကတော့ MBA  (Health System Management), Master of Public Health (Health Education) နဲ့ Master of Public Health (Environmental Health) တို့ဖြစ်ပါတယ်။

CROWN Education မှ ကူညီဖြေကြားသည်။

Internet Journal