စောနေတိုးကို မမိသေး

ပို့စ်တင်ချိန် - 3/14/2014 08:29:00 PM


မြန်မာနိုင်ငံတွင် လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကြံစည်ကာ ရွှေတိဂုံဘုရား ကို အစ္စလာမ်ဘာသာဝင်များ၏ အစ်ဒ်နေ့တွင် ဗုံးခွဲရန်ကြံစည်ခဲ့သူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့KNU  မှ စောနေတိုးကို ၅ လခန့် ကြာမြင့်သော်လည်း ဖမ်းဆီးရမိ ခြင်းမရှိသေးဘဲ ဆက်လက်လွတ် မြောက်နေဆဲဖြစ်ကြောင်း သိရ သည်။

စောနေတိုးသည်KNU  ထိန်းချုပ်နယ်မြေရှိ တပ်မဟာ ၅ တွင် လွတ်မြောက်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး ယင်း သတင်းများသည်မှားယွင်းကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့KNU မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးရှိရှိက မတ်လ ၁၀ရက်နေ့ က ပြောသည်။

သတ်မှတ်ရက်အတွင်း ရွှေတိဂုံဘုရားကို ဗုံးခွဲရန် စော နေတိုးဆိုသူမှ စောမြင့်လွင်ဆို သူကို ငွေ ၅သိန်းနှင့် ရွှေလုပ် ကွက်အချို့ပေးမည်ဟုဆိုကာ ခိုင်းစေခဲ့ခြင်းဖြစ်သည်။

““စောမြင့်လွင်ဆိုသူက အရင် က တပ်သားအဖြစ်နဲ့ မြို့နယ် အဆင်KNU ပြည်သူစစ်အဖွဲ့မှာ တာဝန်ထမ်းဆောင်ဖူးပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်မှာ သူဟာKNU အဖွဲ့ကနေပြီးတော့ ထွက် သွားပါပြီ။ ကျွန်တော်တို့တပ်မှာ တာဝန်မထမ်းဆောင်တော့ပါဘူး””ဟုKNU အဖွဲ့မCEC   အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့KNU အနေဖြင့် အဆိုပါ ကိစ်္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး မှုများကို အစိုးရနှင့်ပူးပေါင်းကာ လုပ်ဆောင်နေလျက်ရှိပြီး စော မြင့်လွင်ဆိုသူကို ဖမ်းဆီးရမိသော် လည်း စောနေတိုးသည် လွတ် မြောက်နေဆဲဖြစ်ပြီး ၎င်း၏ နောက်တွင် ကြိုးကိုင်ခြယ်လှယ် မည့်သူများရှိနေသေးကြောင်းကို လည်း အဖွဲ့မှ CEC  အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ပြောဆို ထားသည်။

““ဒီကိစ္စနဲ့ပတ်သက်ပြီး လေ့ လာစုံစမ်းဆဲပဲရှိသေးတယ်။ KNU အဖွဲ့ကမဟုတ်ရင်တောင် ကရင်အမျိုးသားတစ်ယောက်၊ ကရင်တိုင်းရင်းသားတစ်ယောက် ဖြစ်တဲ့အတွက် KNU မှာ တာဝန် ရှိတယ်လို့မှတ်ယူတယ်””ဟု ဖဒိုမန်း ငြိမ်းမောင်က ရန်ကုန်မြို့ရှိMyanmar Peace Centre တွင် ပြုလုပ်ခဲ့သော စောနေတိုးကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်း ပွဲတွင်လည်း ပြောဆိုထားသည်။

ဗုံးပေါက်ကွဲမှုများသည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှစတင်ကာ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်၊ အင်းစိန်မြို့နယ်၊ သာကေတ မြို့နယ်၊ အလုံမြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ကာ မပေါက်ကွဲ သေးသည့် ဗုံးများကိုလည်း တွေ့ ရှိခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူမြို့များတွင် ၁၀ကြိမ် ထက်မနည်း ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှုများ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တို ဘာ ၉ရက်မှစတင်က ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် တောင်ငူ မြို့များတွင် ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူနှစ်ဦး သေဆုံးခဲ့ကာ သုံးဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 ဖြိုးအောင်
BY HOTNEWS