ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးက ရွေးကောက်ပွဲ တရားမ၀င်ကြောင်း ကြေညာ

ပို့စ်တင်ချိန် - 3/21/2014 05:59:00 PM


ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးက ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲတွေမှာ ဆန္ဒပြသူတွေရဲ့ အနှောင့်အယှက်တွေ ရှိခဲ့တာကြောင့် တရားမ၀င်ကြောင်း မတ် ၂၁ ရက် ဒီနေ့ ထုတ်ပြန် ကြေညာပါတယ်။

အဲဒါကြောင့် ထိုင်းအစိုးသစ် ဖွဲ့စည်းဖို့ဆိုတာတွေလည်း နှောင့်နှေးမှုတွေ ဖြစ်တော့မှာ ဖြစ်ပါတယ်။

Thaiဖေဖော်ဝါရီလရွေးကောက်ပွဲအတွင်း ထိုင်းနိုင်ငံတောင်ပိုင်းမှာ မဲရုံ ၂၈ ရုံမှာ ဆန္ဒပြသူတွေက ပိတ်ဆို့ထားတာကြောင့် ကိုယ်စားလှယ်လောင်းတွေ မှတ်ပုံမတင်နိုင်ခဲ့ကြပါဘူး။

ရွေးကောက်ပွဲတွေဟာ တတိုင်းပြည်လုံး တချိန်ထဲမှာ ကျင်းပနိုင်ခဲ့တာ မဟုတ်ဘူးလို့ မှတ်ယူတဲ့အတွက် ထိုင်းအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ထိုင်းအခြေခံဥပဒေခုံရုံး ပြောခွင့်ရ ပီမွန် တမ်ပီတကပေါင်က ပြောဆိုပါတယ်။

ရွေးကောက်ပွဲ မကျင်းပခင် အခြေခံဥပဒေကို ပြင်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေတာကြောင့် ရွေးကောက်ပွဲ ကျင်းပရင် ရွေးကောက်ပွဲကို နှောင့်ယှက်ဦးမှာ ဖြစ်ပါတယ်။

ထိုင်းဆန္ဒပြသူတွေဟာ ဘန်ကောက်လမ်းမတွေပေါ်ကနေ ဘန်ကောက်ပန်းခြံတခုဆီ ရွှေ့ပြောင်းသွားပြီး တိုက်ပွဲတွေကလည်း လမ်းမတွေပေါ်ကနေ တရားရုံးပေါ်ကို ရောက်ရှိသွားတာလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ဟာ ထိုင်းဆန်ဝယ်ယူရေးအစီအစဉ်တွေမှာ အဂတိ လိုက်စားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ တရားရင်ဆိုင်နေရပါတယ်။

ဒီမတ်လအတွင်း ဘန်ကောက်မြို့နဲ့ အနီးတ၀ိုက်မှာ တည်ငြိမ်အေးချမ်းမှု အတော်အတန် ပြန်လည်ရရှိနေပြီး ၂ လတာ အရေးပေါ်ဥပဒေပြဌာန်းခဲ့တာကို ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့က ပြန်ရုပ်သိမ်းခဲ့ပါတယ်။

DVB Burmese