ဗဟန်းမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်

ပို့စ်တင်ချိန် - 3/21/2014 09:00:00 PM


ရန်ကုန်၊ မတ် ၂၁

၂၁.၃.၂၀၁၄ရက်နေ့ ၀၈၄၅အချိန် ဗဟန်းမြို့နယ်၊ Golden Hill Towerလမ်း အတိုင်း အရှေ့မှ အနောက်သို့ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်နေ ယာဉ်မောင်း အောင်မြတ်သူမောင်းနှင် လာသော CD--- Toyota Fortuner အဖြူရောင် သြစတြေးလျသံရုံးပိုင်ယာဉ်သည် ကမ္ဘာအေးလမ်းဆုံအရောက် ကမ္ဘာအေးဘုရားလမ်းပေါ်သို့ မောင်းထွက်စဉ် ကမ္ဘာအေးဘုရားလမ်း
အတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း ဦးလှချစ် မောင်းနှင်လာသည့် ၂ဃ/--- ကရီနားဗင်အစိမ်းရောင် အငှားယာဉ်ကို တိုက်မိခဲ့သဖြင့် ယာဉ်(၂)စီးပျက်စီးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အောင်မြတ်သူအား ဗဟန်းမြို့မရဲစခန်းယာဉ်(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ဖြင့် အမှုဖွင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police