ခြင်္သေ့ သွေးပါသော အိမ်စောင့်ခွေး တစ်ကောင်အား အမေရိကန် ဒေါ်လာ နှစ်သန်း နီးပါးဖြင့် တရုတ်တွင် ရောင်းချ

ပို့စ်တင်ချိန် - 3/21/2014 08:39:00 PM


ကျဲကျန်း မတ် ၂၁

ခြင်္သေ့သွေး ရောသည့် တိဗက်အိမ်စောင့် ခွေးတစ်ကောင်ကို အမေရိကန် ဒေါ်လာ နှစ်သန်း နီးပါးဖြင့် တရုတ် နိုင်ငံတွင် ရောင်းချ ခဲ့ပြီးနောက် အဆိုပါ ခွေးသည် ရောင်းခဲ့ရသမျှ ခွေးများ အနက်တွင် ဈေးအကြီးဆုံး ဖြစ်နိုင်ဖွယ် ရှိကြောင်း တရုတ် သတင်းဌာန တစ်ခုက မတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရွှေရောင် အမွေးများ ရှိသော တစ်နှစ်သား အရွယ် အဆိုပါ ခွေးကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်းပြည်နယ် အတွင်းရှိ အိမ်မွေး တိရစ္ဆာန်များ ပြပွဲ တစ်ခုတွင် မတ် ၁၈ ရက်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ သန်းဖြင့် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်ဟု Qianjionsg Evening News သတင်းဌာနမှ ပြောကြားသည်။

တိဗက် အမျိုးအစား ခွေးများတွင် တောဘုရင် ခြင်္သေ့၏ ရဲရင့်သော သွေးများ ပါရှိခြင်းကြောင့် ၎င်းခွေး အမျိုးအစားသည် အိမ်စောင့် ခွေးများတွင် ထိပ်တန်း အဆင့်ရှိ ခွေးအမျိုးအစား ဖြစ်ကြောင်း၊ တိဗက်အိမ်စောင့် ခွေးများမှာ အလွန် ရှားပါးခြင်းကြောင့် ၎င်းတို့၏ ဈေးနှုန်းမှာလည်း အလွန် မြင့်မားရခြင်း ဖြစ်ကြောင်း ကျန်က ထပ်လောင်း ပြောကြားခဲ့သည်။

မြ၀တီ