ကျောင်းပြီးချင်း အလုပ်ရစေတဲ့ အမေရိကန်က Sarah E. Goode ကျောင်း

ပို့စ်တင်ချိန် - 3/21/2014 08:56:00 PM


TIME မဂ္ဂဇင်းမှာ ဖော်ပြလို့ အမေရိကန်ရှိ Sarah E. Goode လို့ အမည်ရတဲ့ အကယ်ဒမီဟာ ကမ္ဘာကျော် လူသိများလာ ပါတယ်။ STEM အမျိုး အစား အောက် ကနေ ဖြစ်ပေမယ့် ထူးခြားချက်က နှစ်နှစ်ပိုလာခြင်း ဖြစ် ပါတယ်။

Science, technology, engineering နဲ့ math ကို ကိုယ်စားပြုတဲ့ ကျောင်း ပုံစံဟာ ၂၀၁၂ ခုနှစ်လောက်ကတည်းက နေ အနောက်နိုင်ငံမှာ ရေပန်း စားလာ တာ ဖြစ်ပါတယ်။ သို့ပေမယ့် အတော်လေး နည်းနေသေးပြီ အမေရိကန် မှာတောင် စတင် အကောင်အထည် ဖော်တုန်း ရှိပါသေးတယ်။ IBM လို အိုင်တီ ကုမ္မဏီကြီးက ဦးစီးလို့ စတင် အကောင်အထည်ဖော် တည်ထောင် ပေးလိုက်တဲ့ ကျောင်း က Sarah E. Goode လို့ အမည်ရပြီး နယူးယောက်မြို့၊ ဘရူကလင် မှာ ရှိပါတယ်။ သာမန် အထက်တန်းကော လိပ် ကျောင်းက လေးနှစ် ကြာပေမယ့် သူ့ကျောင်းက ၆ နှစ် ကြာပါတယ်။ သို့ပေမယ့် ကျောင်းပြီးပြီး ချင်း IBM ကုမ္မဏီမှာ လစာ ကောင်းကောင်းနဲ့ ချက်ချင်း အလုပ်ခန့်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။

အသက် ၂၁ နှစ်မှာ အထက်တန်းကျောင်း ကောလိပ် ဘွဲ့ရပြီး လုပ်ငန်း လိုအပ်ချက်ကို အထူးသင်ကြားပေးထားတာ ကြောင့် ကန်ဒေါ်လာ ၄သောင်း အထက် ရှိတဲ့ IBM က အလုပ်တွေကို ရရှိမှ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါ့အပြင် အခြားသော အိုင်တီ ကုမ္မဏီတွေမှာလည်း ရနိုင် ပါတယ်။ ဒီအတွက် Apple, Facebook, Google, Microsoft အပြင် အမေရိကန်က အကြီးဆုံးပါ ဆိုတဲ့ နည်းပညာ ကုမ္မဏီတွေရဲ့ သဘောတူညီလို့ ဖွင့်လှစ် ထားတဲ့ ကျောင်း ဖြစ်ပါတယ်။

အမေရိကန်မှာ အထက်ကျောင်း ကောလိပ် ဘွဲ့ရများ အလုပ်လက်မဲ့ ဖြစ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ အတွက် STEM ကဲ့သို့ ကျောင်းများကို ဆက်လက် တိုးမြင့် ဖွင့်လှစ် သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Times
International news for Myanmar