မြစ်အတွင်း ၀က် အသေ ၁၀၀ ကျော် မျောပါလာ

ပို့စ်တင်ချိန် - 3/21/2014 06:33:00 PM


ဆင်ဟွာ

ကျန်ရှီပြည်နယ်မြို့တော် သောက်သုံးရေပေးဝေမှုအတွက် အဓိက ထောက်ပံ့ပေးနေသော ယင်းပြည်နယ် အရှေ့ပိုင်းရှိ မြစ်တစ်ခုအတွင်း၌ ၀က်အသေကောင် ၁၃၁ ကောင် ပုပ်ပွမျောပါလာကြောင်း ဒေသခံအာဏာ ပိုင်များက ပြောကြားလိုက်ကြောင်း မတ်လ ၂၀ ရက်က ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယန်စီမြစ်၏ အဓိက မြစ်ခွဲတစ်ခုဖြစ်သော ၇၅၈ ကီလိုမီတာ ရှည်လျားသော ဂန်ကျန်း မြစ်၏ အစိတ်အပိုင်း တစ်နေရာ၌ ၀က်သေများကို နန်ချန်းမြို့တော် ရေအရင်းမြစ်ဌာနမှ ၀န်ထမ်းများက ပထမဆုံး တွေ့ရှိခဲ့ကြ သည်။

ဝက်သေကောင်များအား ၇၅၈ ကီလိုမီတာရှည်သည့် ဂန်ကျန်းမြစ်တစ်နေရာတွင် မတ်လ ၁၅ ရက်၌ နန် ချောင်မြို့ ရေအရင်းအမြစ်အာဏာပိုင်များမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းမြစ်မှာ ရန်ဇီမြစ်၏ အဓိက မြစ် လက်တက်တစ်ခု ဖြစ်သည်။

မတ်လ ၁၈ ရက်၊ ညနေ ၆ နာရီအချိန်အထိ ၀က်သေကောင် ၁၃၁ ကောင်အား ဆယ်ယူပြီး ဖြစ်သည်။ ယင်း ၀က်သေများမှာ မြစ်၏အထက်ပိုင်း အတော်ဝေးဝေးမှ မျောပါလာခြင်းဖြစ်နိုင်ကြောင်း ရေအရင်း အမြစ်ဌာန က ဆိုသည်။ မြစ်အတွင်း၌ ၀က်သေကောင်များအား ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။