အရက်သေစာသောက်စားမူးယစ်ပြီး မိဘများအားရန်ပြုခဲ့သည့်သားကို အရေးယူပေးပါရန် မိခင်ဖြစ်သူမှတိုင်တန်း

ပို့စ်တင်ချိန် - 3/21/2014 08:36:00 PM


ရန်ကုန်၊ မတ် ၂၁

၁၈.၃.၂၀၁၄ ရက်နေ့ ၂၀၁၀ အချိန်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်နေ
ဒေါ်အေးရွှေ၊ (၅၆)နှစ်သည် နေအိမ်တွင်ထမင်းချက်နေစဉ် သားဖြစ်သူ ကြည်မင်းဟန်၊ (၂၆)နှစ်မှာ အရက်သေစာသောက်စားပြီး စက်ဘီးဖြင့်
နေအိမ်သို့ရောက်ရှိလာခဲ့ကြောင်း၊ စက်ဘီးအား နေအိမ်ပေါ်တွင်
ထောင်ထားရာမှ လဲကျသွားသည်ကိုအကြောင်းပြု၍ အော်ဟစ်ရမ်းကား
ခဲ့ပြီး ထမင်းစားမည်ပြောသဖြင့် ထမင်းခူးပေးစဉ် ဟင်းမကောင်းကြောင်း
ပြောဆိုကာ ထမင်းပန်းကန်အားရိုက်ခွဲခဲ့ကြောင်း၊ ထိုသို့ပြုလုပ်သည်ကို ဖခင်ဖြစ်သူ ဦးမောင်ကြီး၊ (၆၁)နှစ်မှ ၀င်ရောက်ဟန့်တားခဲ့သဖြင့် ဖခင်ဖြစ်သူကို လုံးထွေးသတ်ပုတ်ခဲ့ကြောင်း၊ ထိုသို့သတ်ပုတ်နေသဖြင့် ၀င်ရောက်ဖျန်ဖြေပေးစဉ် သားဖြစ်သူမှ မီးဖိုချောင်တံခါးအနီးတွင် ချိတ်ထားသော အိမ်သုံးကတ်ကြေးဖြင့်ထိုးခဲ့၍ ၎င်းတွင်ဝဲဘက်နားနောက် ထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိခဲ့သောကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူခဲ့ရကြောင်း၊အခင်းဖြစ်ပွား
စဉ်က နေအိမ်တွင်အသုံးပြုသော ကြည့်မှန်နှင့် အိမ်ထရန်တို့ကိုလည်း ရိုက်ချိုးဖျက်ဆီးခဲ့သဖြင့် တန်ဖိုးငွေကျပ်(၁၄၀၀၀)ခန့် ပျက်စီးဆုံးရှုံး
ခဲ့ကြောင်းနှင့် ယင်းကဲ့သို့ကျူးလွန် ခဲ့သည့် သားဖြစ်သူအား အရေးယူ
ပေးပါရန် ၂၀.၃.၂၀၁၄ ရက်နေ့တွင် လာရောက်တိုင်တန်းချက်အရ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း(ပ)၉၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆/၄၂၇ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ ကြည်မင်းဟန်ကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police