စကားများရာမှ လူသတ်မှုဖြစ်

ပို့စ်တင်ချိန် - 3/21/2014 06:41:00 PM


နေပြည်တော်၊ မတ် ၂၀

၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ နံဇူပင်ကျေးရွာတွင် ဓါးခုတ်မှုဖြစ်ပွားကြောင်း သတင်းအရ ပြလို့ရဲကင်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ၎င်းရွာနေ ဦးဇော်မင်း(၅၁)နှစ်အား လည်ပင်း ဝဲဘက်မှ ဝဲရင်အုံ အထိပြတ်ရှဒဏ်ရာ၊ ယာပါး/ယာချိုစောင်း/ဝဲလက်ကောက်ဝတ် အထက် ပြတ်ရှဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရသည်။

စစ်ဆေးချက်အရ တစ်ရွာတည်းနေ ဇော်မင်းဦး (၄၃) နှစ်မှ စကားများ ရန်ဖြစ်ရာက ဓါးမနှင့်ခုတ်၍ ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရှိခဲ့ရပြီး ဦးဇော်မင်းအား ပြလို့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံး ခဲ့သောကြောင့် ဇော်မင်းဦးအား ဒုရင်္ဂဗိုလ် နယ်မြေရဲစခန်း (ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar