မြန်မာနိုင်ငံမှ ပေးဆပ်ရန်ရှိသောချေးငွေပမာဏမှာ

ပို့စ်တင်ချိန် - 3/21/2014 08:03:00 PM


နေပြည်တော်၊မတ်၂၀
မြန်မာနိုင်ငံမှ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ၃၁ရက်နေ့ထိ ပေးဆပ်ရန်ရှိသောချေးငွေပမာဏမှာ
အမေရိကန်ဒေါ်လာ သန်းကိုးထောင် ငါးရာကျော်ရှိကြောင်း ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာလင်းအောင်ကပြောသည်။
ထိုငွေကြေးများ အားပြည်ပနိုင်ငံ၁၆ခုနှင့် နိုင်ငံတာကာငွေကြေး အဖွဲ့အစည်းများဖြစ်သော IDA, ADB နှင့် OPEC တို့ထံမှ ချေးယူခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာလင်းအောင်ကဆိုသည်။
ယနေ့ကျင်းပသောပြည်သူ့လွှတ်တော် တွင် ကယားပြည်နယ်မဲဆန္ဒနယ်မှ ဦးကျော်ခိုင်ဝင်း၏ မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ပေးဆပ်ရန်
ကျန်သည့်နိုင်ငံများအရေအတွက် နိုင်ငံတစ်ခုချင်း ပေးဆပ်ရန်
ငွေပမာဏမည်မျှရှိပါသနည်းမေးခွန်းကို ဘဏ္ဍရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာလင်းအောင်က
အထက်ပါ အတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။စိုင်းလမင်း

Popular Myanmar News Journal