ကွန်ဒုံးဖြင့်ထုပ်ပိုးထားသည့် ဘိန်းဖြူများ အမျိုးသမီးတန်ဆာအတွင်းက ရှာဖွေသိမ်းဆီး

ပို့စ်တင်ချိန် - 3/21/2014 08:59:00 PM


သတင်း၊ ကိုတိုးကြီး
တမူး၊ မတ် ၁၉
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကမ္မကြီးကျေးရွာအနီး တမူး - ကလေး အဝေးပြေးကားလမ်းမကြီးပေါ်တွင် မူးယစ်တပ်ဖွဲ့စု (၇) ခမ်းပတ်လှုပ်ရှားတပ်စုမှ ယခုလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်က ခရီးသည်တင်ယာဉ်တစ်စီးအား မူးယစ် ဆေးဝါးသတင်းများအရ ရှာဖွေစစ်ဆေးခဲ့ရာ ကွန်ဒုံးဖြင့်ထုပ်ပိုးထားသည့် ဘိန်းဖြူ အမျိုးသမီးတန်ဆာအတွင်းက ရှာဖွေ သိမ်းဆီးရရှိခဲ့ကြောင်း ဖမ်းဆီးရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့မနက်ပိုင်းက တမူးမြို့မှ ကလေးမြို့သို့ မောင်းနင်လာသည့် နယူရွှေကဘော် ခရီးသည်သယ်ယူပို့ဆောင်ရေးကားအ သင်း အမှတ်တံဆိပ်ပါ ၊ ယာဉ်အမှတ် ၁င/ ၆၈၇၉ လိုက်ထရပ်ယာဉ်အမျိုးအစား ကားတစ်စီးကို မူးယစ်အဖွဲ့နှင့်အတူ ပူး ပေါင်းကရှာဖွေစစ်ဆေးခဲ့ရာတွင် ထိုသို့ သိမ်းဆီးရရှိမိခြင်းဖြစ်သည်။
အဆိုပါ ခရီးသည်တင်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါခဲ့သည့် ခရီးသည် မမို့မို့ အသက်(၃၃)နှစ်၊ ကလေးမြို့နယ်၊ တင် သားကျေးရွာနေ ဆိုသူမှာ အလေးချိန်(၉)ဂရမ်ရှိ ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုံ့များကို ကော်ဗူးတစ်ခုထဲသို့ ထည့်ကာ ကွန်ဒုံးဖြင့် ထုပ်ပိုးထားပြီး သူမက ၎င်း၏ တန်ဆာအတွင်းသို့ ထိုးသွင်းလျှို့ဝှက်၍ သယ်ဆောင်လာခဲ့ခြင်းဖြစ် သည်။
ထို့နောက် မူးယစ်လှုပ်ရှားအဖွဲ့က အဆိုပါကားပေါ်ရှိ ကျန်ခရီးသည်များကို ဆက်လက်၍ ရှာဖွေစစ်ဆေးခဲ့ရာ မမြင့်မြင့် ခိုင် အသက်(၃၉)နှစ်၊ တင်သားကျေးရွာ၊ ကလေးမြို့နယ် နေသူ၏ ကိုယ်ခန္ဒာတွင် ၀တ်ဆင်လာသော ခရမ်းရောင်ဖျော့ အတွင်းအောက်ခံ ဘောင်းဘီအတွင်းမှ အလေးချိန်(၁၁)ဂရမ်ရှိ ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုံ့များကို၎င်း၊ အဆိုပါ ကားပေါ်တွင် စီနင်းလိုက်ပါလာသည့် သူမနှင့် တစ်ရွာတည်းနေ မကြည်ကြည်မာ အသက်(၃၉)နှစ် ဆိုသူ၏ ကိုယ်ခန္ဒာတွင် ၀တ်ဆင်လာသော အတွင်းအောက်ခံ ဘောင်းဘီအတွင်းမှ အလေးချိန်(၁၂)ဂရမ်ရှိ ဘိန်းဖြူဟုယူဆရ သော အဖြူရောင်အမှုံ့များကို၎င်း၊ ဆက်လက်၍ ရှာဖွေသိမ်းဆီးရရှိခဲ့ကြောင်း ခမ်းပတ်နယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ် ဦးက ပြောသည်။
ထို့ကြောင့် မူးယစ်လှုပ်ရှားအဖွဲ့က အောက်ခံဘောင်းဘီအတွင်း ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုံ့များ သယ်ဆောင်သူများနှင့် ကွန်ဒုံးဖြင့်ထုပ်ပိုးထားသည့် ဘိန်းဖြူများ အမျိုးသမီးတန်ဆာအတွင်း ထည့်သွင်းသယ်ဆောင် လာသူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ခမ်းပတ်နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက မူး ယစ်(ပ) ၉/၂၀၁၄၊ ၁၀/၂၀၁၄၊ ၁၁/၂၀၁၄ မူးယစ်ပုဒ်မ ၁၅/ ၁၉(က)အရ အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

ကိုတိုး ချင်းတွင်း