လူအိုတစ်ယောက်ကို အမှိုက်လို စွန့်ပစ်တဲ့ ခေတ်ကြီး လား

ပို့စ်တင်ချိန် - 3/21/2014 05:59:00 PM


မန္တလေးမြို့လယ်၊ ဒေါင်းတောင်းလို့ခေါ်ကြ တဲ့ တစ်နေရာ။ လမ်းထောင့်မှာ အမှိုက်ပစ်စရာ ကန်တစ်ခုရှိတယ်။ ည အမှောင်ကို အခွင့် ကောင်းယူပြီး အဘွားအိုတစ်ယောက်ကို အဲ သည်အမှိုက်ကန်ထဲ စွန့်ပစ်ထားတယ်။ အဘွား အို ခမျာ ချမ်းရှာလို့ ရရာပီနန်အိတ်ခွံဟောင်း တွေကို ခြုံပြီး ကွေးနေတယ်။
လမ်းမီးတွေ မလင်းတော့ ပတ်ဝန်းကျင်က မှောင်မှောင်။ မြို့လယ်ကောင်ပေမဲ့ အန္တရာယ်ကို လွယ်မထားနိုင်သူတွေက အမှိုက်ကန်မှာ ရှူရှူ ပန်း ကြတယ်။ ပီနန်အိတ်ခွံခြုံထားတဲ့ အဘွားအို က စိုတိစိုစွတ်။ မနေသာတဲ့အခါ လူးကာလွန့် ကာ တွန့်မိ တယ်။

လှုပ်နေတဲ့ ပီနန်အိတ်ခွံဖြူဖြူကို တွေ့မြင်မိ သူတွေက ချမ်းမြသုခလူမှုကူညီရေးအသင်းကို ဆက်သွယ်လို့ အဘွားတစ်ယောက် အမှိုက်ဘဝ က လွတ်မြောက်ခဲ့ရတယ်။ နာမှုကူညီရေး၊ ကျန်းမာမှုကူညီရေး၊ သက် ကြီးရွယ်အိုများကို စောင့်ရှောက်ရေးလုပ်ငန်း တွေ လုပ်နေတဲ့ ချမ်းမြသုခလူမှုကူညီရေးအ သင်းဟာ စွန့်ပစ်ခံလူအိုတွေ တွေ့ရတာ များလာ လို့ သူတို့အတွက် နားခိုစရာ ဘိုးဘွားရိပ်သာ တစ်ခုကို တည်ထောင်ထားရပြန်ပါတယ်။
ဘိုးဘွားရိပ်သာအပိုင်းမှာ အဓိက တာဝန်ယူ လုပ်အားပေးနေသူက မခင်မာနွယ်ဖြစ်ပါတယ်။ ရွှေဆံကိုင်ဘုရားဝင်းထဲက သူတို့ရိပ်သာကို ကျွန် တော် အလည်သွားတယ်။

အဆောက်အအုံကို ကိုဝေဇင်၊ မကြည်သာဆွေတို့က တာဝန်ယူဆောက်ပေးထားတာ။ အ ဘွား ၁၀ ယောက် ကျယ်ကျယ်ဝန်းဝန်း နေထိုင် နိုင်တယ်။ ဒါပေမဲ့ အဘိုးအဘွားတွေက ထပ်ခါ ထပ်ခါတိုးလာနေလို့ ရိပ်သာအဆောက်အအုံကို ထပ်ချဲ့နေရတယ်။ အဘိုးများအတွက် အဆောင်သစ် တစ်ဆောင်ကို ဝင်း ဦးထုပ်မိသားစုရဲ့ ကောင်းမှုနဲ့ အသစ်ဆောက်နေတာ တွေ့ရပါ တယ်။
မခင်မာနွယ်နဲ့အတူ အဘွားအဆောင်ထဲကို ကျွန်တော်ဝင်သွားတယ်။ အဘွားတွေက အဝတ် အစား သန့်သန့်ပြန့်ပြန့်။ သနပ်ခါးကိုယ်စီနဲ့။ ကျွန် တော်က အသက် ၈၂ နှစ်အရွယ် အဘွား ဒေါ် တင်ကြည်ရဲ့ခုတင်ဘေးမှာထိုင်ပြီး သူ့ အ ကြောင်းကို မေးတယ်။ ဒေါ်တင်ကြည်က ရပ်ကွက်တကာလည်ပြီး မုန့်စိမ်းပေါင်းရောင်းခဲ့သူဖြစ်တယ်။ တစ်ရက်မှာ တော့ သူများရန်ဖြစ်နေတာကို ဖျဉ်တဲ့အနေနဲ့ ဝင် ဆွဲရာက သူလဲကျပြီး ဒဏ်ရာရသွားတယ်။
“နောက်က ဝင်ဆွဲတာ ဖင်နဲ့ပေါက်မိပြီး လဲ ကျလို့ တင်ပါးခွက်လျှောပြီး လမ်းမလျှောက်နိုင် တော့ဘူး”လို့ သူက ပြောတယ်။

သူနေတာက သူငယ်ချင်းအိမ်အဖီလေးမှာ ကပ်နေတာ။ အိမ်ရာထဲ လှဲနေရတော့ ဈေး မရောင်းနိုင်တော့ဘူး။ သွားချင်ရင် ဖင်တရွတ် တွန်း သွားရတယ်။ သူက သားထောက်သမီးခံ မရှိတဲ့ တစ်ခုလပ်။
အသက်မွေးဝမ်းကျောင်းဖို့အတွက် နေတဲ့ အိမ်နဲ့ သိပ်မဝေးတဲ့ ဘုရားကြီးတောင်ဘက်မုခ် ကို လေးချောင်းထောက်နဲ့ ထောက်ထောက်ပြီး ဟိုနား နား၊ သည်နား နားနဲ့ သွားတယ်။ တောင်း ရမ်း စားတယ်။ လူပေးသူပေးနဲ့ ငွေစကြေးစရတဲ့ အခါ ဆိုက်ကားငှားပြီး အိမ်ကိုပြန်ရတယ်။
“သူတောင်းစားက ဆိုက်ကားငှားစီးပြန် တယ်လေ”လို့ အဘွားဒေါ်တင်ကြည်က ပြောပြီး ရယ် တယ်။
“အလှူခံစကတော့ ရှက်သေးတယ်၊ ခေါင်း ကြီး ငုံ့ထိုင်နေတာ၊ နောက်တော့ ထူးပါဘူး၊ အ လှူခံစားတာက ခိုးစားတာမဟုတ်ဘူး၊ လှူနိုင် ရင် လှူခဲ့ကြပါဦးလို့ လေသံလေးနဲ့ပြောတာ၊ ရပ် ဝေး ဘုရားဖူးတွေက ထည့်ကြပါတယ်”လို့ ဆက်ပြောတယ်။

သူ့ကိုနေခွင့်ပေးထားတဲ့သူငယ်ချင်းအိမ်ရှင် ရဲ့မြေးကလေးက အိမ်ထောင်ကျပြီ။ အဘွား ဒေါ် တင်ကြည်နေတဲ့အဖီလေးက သူတို့မောင်မယ်ရဲ့ စက်ရာဖြစ်သွားတော့ အဘွားခမျာ ဘုံပျောက် တယ်။ ချမ်းမြသုခဘိုးဘွားရိပ်သာကို သိမြင်သူ တွေက ဆက်သွယ်ပေးတယ်။
ဒေါ်တင်ကြည်က သနပ်ခါးအဖွေးသားနဲ့။ သူ့ကို ချမ်းမြသုခက တွေ့လို့ခေါ်ခဲ့စဉ်က အခြေ အနေကို မခင်မာနွယ်က ပြောပြတယ်။
“သူက ကိုယ့်ကိုယ်ကိုလဲ မနိုင်တော့ အညစ် အကြေးတွေနဲ့ ပေကျံညစ်ပတ်နေတာ၊ အနံ့ အ သက်တွေနဲ့၊ ဒီရောက်တော့ ရေချိုးပေးရ တယ်၊ သူဝတ်လာတဲ့အဝတ်အစားတောင် ချက်ချင်း လွှင့်ပစ်ရတာ၊ နံစော်နေလို့”
ကျွန်တော်က နောက်ထပ်အမည်တူ ဒေါ် တင်ကြည်တစ်ယောက်ရဲ့ ခုတင်အနီးကို ကူးခဲ့ တယ်။ နာမည်တူနှစ်ယောက်မို့ သူ့ကို ဒေါ်တင် ကြည် (ကြီး) လို့ ခေါ်တယ်။
ဒေါ်တင်ကြည်ကြီးက လေဖြတ်ထားတယ်။ ရှမ်းစုမီးရထားမြေပေါ်မှာ သားအမိ ဖြစ်သလို တဲ ထိုးနေခဲ့တယ်။ သားက မီးရထားဝန်ထမ်း။ သား ဆုံးသွားတော့ တစ်ယောက်တည်း ကျန်ရစ် တယ်။ အနီးအနားက သံယောဇဉ်ရှိသူက ထမင်း ဟင်း ကျွေးထားတယ်။ ကျွေးမွေးနေသူတွေ တောင်ငူကိုပြောင်းရတော့ အဘွားဒုက္ခတွေ့ပြီ။ ချမ်းမြသုခက သတင်းကြားလို့ သွားခေါ်တဲ့ အ ကြောင်း မခင်မာနွယ်က ပြောပြတယ်။ (မန္တလေး သူ မခင်မာနွယ်က ကျွန်တော် နာမ်စားကိုသုံးပြီး ပြောပါတယ်။)

“သူ့သားခေါင်းချတဲ့နေရာမို့ လုံးဝမလိုက် နိုင်ဘူးတဲ့၊ ကျွန်တော်တို့က အမေကြီးကို သွား ချော့ရတာပေါ့၊ ဒီမှာ သားသမီးတွေလိုပါပဲပေါ့၊ ဒါနဲ့ မျက်ရည်စက်လက်နဲ့ လိုက်လာတာ”
“လိုက်လာတုန်းက ငိုပြီးလိုက်လာတာ၊ ခု တော့ ပျော်နေပြီ”လို့ အဘွားက ပြုံးပြုံးကြီး ပြော တယ်။
အဘွား ဒေါ်တင်ကြည်ကြီးမှာ နားကပ် တစ်ရန်ရှိပါတယ်။ ဒါလေးကို အသေဆုပ်ထား တာ။ တစ်နေ့နေ့မှာ သူသေခဲ့ရင် သင်္ဂြိုဟ်စရိတ် လုပ်ဖို့ ပါ။ ဒါပေမဲ့ အခုတော့ သူက ရောင်းပစ်ချင် နေပြီ။
“ကျွန်တော်တို့ဆီမှာနေရတာ စားရတာ ပူ စရာမလိုတော့ဘူးဆိုတော့ နားကပ်လေးကို ရောင်းပေးပါတဲ့၊ မနေ့ကပဲ သူ့သားလေးဆုံးတဲ့ ရက်မို့ ချမ်းမြသုခအသင်းကို (ကျပ်) ၅၀,ဝ၀ဝ လှူချင်တယ်ဆိုပြီး လှူလိုက်တယ်”လို့ မခင်မာ နွယ်က ပြောပြတယ်။

ကျွန်တော်က အသက် ၉၀ အရွယ် အဘွား ဒေါ်ပု ခုတင်အနီးကိုသွားတယ်။ အဘွားက မျက်စိမမြင်ဘူး၊ နားလည်းလေးတယ်။ သူ့ အ ကြောင်းက ဇာတ်ဆန်တယ်။ စိတ်ဝင်စားစရာ ကောင်းတယ်။ အသင်းအတွင်းရေးမှူး ဦးလှ အောင်က ဖြစ်ရပ်ကို ပြန်ပြောပါတယ်။
မန္တလေး မဟာမုနိဘုရားကြီး အနောက်မုခ် က တံတိုင်းဘေးမှာ မျက်မမြင်ဒေါ်ပုက အဖီချနေ ပြီး ဘုရားစောင်းတန်းမှာ တောင်းရမ်း စား သောက်နေတယ်။ တစ်ရက်မှာ မျက်မမြင်ရဲ့ရင် ခွင်ထဲကို လူတစ်ယောက်က မွေးကင်းစမိန်းက လေးတစ်ယောက် ထည့်သွားတယ်။ သူက မွေး စားပြုစုထားတာ ငါးနှစ်သမီးအရွယ်ရောက်လာ တယ်။ မိန်းကလေးကို ထမင်းဆိုင်တစ်ဆိုင်က တောင်းယူပြီး သမီးအဖြစ် မွေးစားလိုက်တယ်။ သမီးလေးက ယခု ၁၄ နှစ်သမီးဖြစ်နေပြီ။ အဘွား ကတော့ တံတိုင်းဘေးက အဖီလေးထဲမှာ နေရ တယ်။

အခုတော့ အဘွားဒေါ်ပု ချမ်းမြသုခမှာ အေး ချမ်းစွာ နေထိုင်နေရပါပြီ။
ဒေါ်သန်းညွန့်က ကုန်သွယ်ရေးဝန်ထမ်း ဟောင်းပါ။ လုပ်သက် ၁၀ နှစ်ပြည့်ဖို့ တစ်လ အ လိုမှာ ပိုလျှံဝန်ထမ်းဖြစ်ရလို့ ပင်စင်မရဘူး။ ဈေး ရောင်းစားတယ်။ ဦးနှောက်နဲ့အာရုံကြော အား နည်းလို့ ဆေးသောက်နေရတာ ဆေးဖိုးက တစ် လ ကျပ် ၃၀,ဝ၀ဝ။ အပျိုကြီးမို့ မှီခိုစရာ မရှိဘူး။ ဒါကြောင့် အစိုးရဝန်ထမ်းဟောင်းက ချမ်းမြသုခ အရိပ်ကို ခိုရတာပါ။ နောက်ထပ် ပင်စင်စားအဘွားက နာဂအမျိုး သမီးပါ။ အမည်က ဒေါ်ခင်သန်း။ ကွယ်လွန်သူ ခင်ပွန်းက ဝန်ထမ်းမို့ မိသားစုပင်စင်ခံစားရ တယ်။ မခင်မာနွယ်က သူ့အကြောင်းပြောပြတယ်။
“သူက တစ်လ ပင်စင် ၈၀,ဝ၀ဝ ကျော်ရ တယ်၊ ပင်စင်ထုတ်တဲ့နေ့ဆို အဘွားတွေကို ကျွေးတယ်၊ ပင်စင်ငွေထဲက ၅၀,ဝ၀ဝ ကို ချမ်းမြ သုခကို လှူတယ်”
ဒေါ်နော်ထူးဘေဆိုတဲ့အဘွားက စကား မပြောတတ်ဘူး။ နားမကြားရဘူး။ လက်ဟန် ခြေ ဟန်နဲ့ပဲ စကားပြောရတယ်။ မန္တလေး မဟာ အောင်မြေမြို့နယ်က ၃၆ လမ်းနဲ့ ၈၆ လမ်း ထောင့်မှာ နေတယ်။ သူများက တောက်တိုမည် ရ ခိုင်းတာ လုပ်ပေးတယ်။ သူနေတဲ့နေရာအနီး က တရားပွဲမှာ ဗုံးကွဲတော့ ဆေးရုံတင်ရတယ်။ အခြေမဲ့ အနေမဲ့ အဘွားမို့ ချမ်းမြသုခက ခေါ်ယူ လိုက်တယ်။ ဘိုးဘွားရိပ်သာရဲ့စည်းကမ်းချက်က သား ထောက်သမီးခံမရှိသူတွေကိုသာ လက်ခံတာပါ။ အသက် ၈၀ အရွယ် ဒေါ်ယုံက သမီးအရင်း ငုတ် တုတ်ရှိလျက် ရိပ်သာကို ရောက်လာသူဖြစ်ပါ တယ်။

ဒေါ်ယုံနဲ့ ပတ်သက်ပြီး မခင်မာနွယ်က ပြော ပြတယ်၊
“အမေယုံက မျက်စိမမြင်ဘူး၊ အဆင်မပြေ ဘူးလို့ သတင်းကရောက်လာတယ်၊ ကျွန်တော် လိုက်သွားတယ်၊ ပတ်ဝန်းကျင်က လူတွေကလဲ သူ့သမီးနဲ့နေတယ်လို့မပြောဘဲ ဝိုင်းညာထား တာ၊ ကျွန်တော်က သူ့ပစ္စည်းလေးတွေထည့်ပြီး ကားပေါ်တင်ခေါ်လာတာ၊ ကားပေါ်ရောက် တော့ အမေယုံက ဖွင့်ပြောတယ်၊ ငါမလိမ်ချင်ပါ ဘူးအေ၊ ငါ့သမီးအရင်းနဲ့ အတူနေတာပါ၊ သမီး က လောင်းကစားလုပ်တာမကြိုက်လို့ ပြောရင် အမြဲကတောက်ကဆဖြစ်နေလို့ ပတ်ဝန်းကျင်က ကျွန်မတို့ဆီတွန်းပို့တာ”လို့ ပြောပြီး မခင်မာနွယ် က ရယ်တယ်။
'အခု ဒီမှာ ဘုရားနဲ့တရားနဲ့နေရတာ၊ ပြန် မသွားချင်တော့ဘူး”လို့ အမေယုံက ပြောတယ်။
သည်ရိပ်သာဖြစ်လာရတာက ရည်ရွယ် ချက်မရှိဘဲ ဖြစ်သွားတာလို့ အသင်း အတွင်း ရေးမှူး ဦးလှအောင်က ပြောပြတယ်။

“အဘိုး ဦးထွန်းအောင်က ဘုန်းကြီးကျောင်း မှာ ခိုကပ်နေရတာ၊ လေဖြတ်တော့ ချမ်းမြသုခ က ဆေးရုံတင်ပေးတယ်၊ ဆေးရုံကဆင်းတော့ ပြုစုမယ့်သူမရှိတာနဲ့ အသင်းကားပြင်တဲ့ဝပ်ရှော့ ထဲ ထားရတယ်၊ အသင်းသူ အသင်းသားတွေက သူ့အညစ်အကြေးတွေကို သန့်ရှင်းပေးရတယ်၊ နောက် ဒေါ်တင်ကြည်၊ နောက် ဒေါ်ပု၊ တဖြည်း ဖြည်း များလာတယ်၊ မြောက်ပြင်က ကိုဝေဇင်၊ မကြည်သာဆွေတို့က အသင်း လာလှူရင်း အဘိုးအဘွားတွေကို တွေ့လို့ အဆောက်အအုံ လှူမယ်တဲ့၊ ဒီလိုနဲ့ ဘိုးဘွားရိပ်သာဖြစ်သွား တာ”
လူ့အဖွဲ့အစည်းမှာ တာဝန်ရှိသူတွေက တာ ဝန်မကျေနိုင်၊ လူအိုတွေကို အမှိုက်စလို စွန့်ပစ် သူက စွန့်ပစ်ဖြစ်နေကြချိန်မှာ လူမှုရေးအသိရှိသူ အချို့က လောကကို အလှဆင်လို့နေတာ တွေ့ရ ပါတယ်။

ကျော်ရင်မြင့် ( kumudra journal )