လမ်း(၃၀)အောက်ဆောက်လက်စ(၈)ထပ်တိုက်တွင် နံနက်အစောပိုင်း လျှပ်စစ်ရေနွေးအိုးဖြင့် ရေနွေးတည်ရာမှ မီးလောင်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 3/21/2014 07:45:00 PM


ယနေ့ နံနက်၀၁၃၅ အချိန် ပန်းဘဲတန်းမြို့နယ်၊ (၆)ရပ်ကွက်၊ လမ်း(၃၀)အောက်ရှိ ဆောက်လက်စ(၈)ထပ်တိုက်၊ မြေညီထပ် ထပ်ခိုးတွင်
နေထိုင်သူ ကို-- (၂၄)နှစ်၊သည် လျှပ်စစ်ရေနွေး
အိုးဖြင့် ရေနွေးတည်ရာမှ အပူရှိန်လွန်ကဲပြီး ၀ါယာကြိုးများမှ စတင်၍ မီးလောင်ကျွမ်းခဲ့ရာ
တိုက်ခန်းအတွက်အသုံးပြုရန်ဝယ်ယူထားသည့် တစ်ခွေလျင် ပေ(၁၀၀)အရှည်ရှိ အရေးပေါ်မီးသတ်ပိုက်(၄)ခွေနှင့် အိမ်သာကြွေခွက်(၂)စုံတို့အား ကူးစက်လောင် ကျွမ်းခဲ့ပြီး မီးသတ်ယာဉ်များရောက်ရှိခဲ့သဖြင့် ၀၁၄၀ အချိန်တွင် မီးငြိမ်း
သွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် တန်ဖိုးငွေကျပ်(၄၈၀၀၀၀)ခန့် ဆုံးရှုံးခဲ့ကြာင်းသိရသည်။
ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက်ကို--- ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၉၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
Yangon Policeမှသိရသည်။

Popular Myanmar News Journal