မုံရွာ ရိုးမဘဏ်ရှေ့တွင် မသင်္ကာဖွယ်ရာ ဘင်ကားတစ်စီးရပ်ထား၍ ရဲထံအကြောင်းကြားခဲ့ရသည်ဟုဆို

ပို့စ်တင်ချိန် - 3/05/2014 09:49:00 AM


သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊ မတ် ၎
မုံရွာမြို့၊ ဆူးလေကုန်ရပ်ကွက်၊ ဘူတာလမ်းရှိ ရိုးမဘဏ်အနီး ဘဏ်ဝင်ပေါက်ရှေ့တွင် မသင်္ကာဖွယ်ရာ ဘင်းကားတစ် အချိန်ကြာမြင့်စွာ စီးရပ်တန့်ထားသည့်အတွက် ဘဏ်တာဝန်ရှိသူတစ်ဦးက ယာဉ်ပိုင်ရှင်အားစုံစမ်းကြည့်ရာ ပိုင်ရှင်မှန် ပေါ်ပေါက်ခြင်းမရှိသည့်အတွက် အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲ မုံရွာရုံးသို့ ဘဏ်မှ အကြောင်းကြားခဲ့သည် ဟု ဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။
ထိုသို့ ဖုန်းဆက်သွယ်၍ အကြောင်းကြားခဲ့ခြင်းမှာ ယခုလ ၃ ရက်နေ့ည ၉ နာရီအချိန်ခန့်က ဖြစ်ကြောင်း အဆိုပါ ဘဏ်ဝန်ထမ်းမှ ဆက်လက်၍ ပြောပြသည်။ ထို့ကြောင့် အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ မုံရွာဒုတပ်ဖွဲ့ရုံးမှ ဒုရဲအုပ် ကျော်သူနှင့်အဖွဲ့သည် ယခုလ မနက် ၉ နာရီအချိနန်က အဆိုဘဏ်ရှေ့သို့သွားရောက် ကြည့်ရှုခဲ့ရာ မသင်္ကဖွယ်ရာ ဘင်ကားသည် ယာဉ်အမှတ် မြန်မာဂဏန်းအက္ခရာ ၃ခ/ ၃၇၄၇ ရှေ့ဆွဲဘင် ခဲအိုရောင်အမျိုးအစားဖြစ်ကြောင်း ယာဉ် ထိန်းရဲတပ်ဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။
ဘဏ်အနီး မသင်္ကာဖွယ်ရာ ရပ်တန့်ထားခဲ့သည့် ကား၏ ရှေ့ခန်းဒက်စဘုတ်ပေါ်တွင် မုံရွာစည်ပင်သာယာအဖွဲ့၏ ဘီးခွန်ကဒ်ပြားအမှတ် 014159 ကဒ်တစ်ခုပါရှိသည်။ ၎င်းဘီးခွန်ကဒ်ပေါ်တွင် ယာဉ်အမှတ် ၃ခ/ ၃၇၄၇၊ ယာဉ်အမျိုး အစား ကားလေး၊ အမည် ဦးမင်းဇော်၊ ရပ်ကွက် စက်မှုဇုန် ဟုဖော်ပြပါရှိပြီး ဘီးခွန်သက်တမ်း ကုန်ဆုံးရက်မှာ ၃၁.၃. ၂၀၁၄ ရက်နေ့ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
ထိုမျှမက အဆိုပါကားပေါ်တွင် ရန်ကုန် - နေပြည်တော် - မန္တလေးအမြန်လမ်းတွင် အသုံးပြုခွင့်မရသော ဆောက်လုပ် ရေးဝန်ကြီးဌာန အျွှတ်တံဆိပ်ပါ လမ်းတံတားအသုံးပြုခွင့်လက်မှတ်၊ ကဒ်ပြားအမှတ်စဉ် ဇ/ 675 တစ်စောင်ပါရှိသည်။
အဆိုပါ ရိုးမဘဏ်အနီးတွင် ပြီးခဲ့သည့် ဇန္န၀ါရီ ၃၁ ရက်နေ့ လကုန်ငွေထုတ်ရက်များက ရာမဟာ အနက်ရောင် ဒီတီ ဆိုင်ကယ်တစ်စီးနှင့် အက်ဖ်ဇက် ဆိုင်ကယ်အနက်ရောင် တစ်စီးအား စီးနင်း၍ ဘဏ်ရှေ့တွင် ခေါက်တုန့်၊ ခေါက်ပြန် အကြောင်းမဲ့ စီးနင်းသွားလာနေသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးခဲ့ရာ ဦးချွန်စကေဘာတစ် ချောင်းတွေ့ရှိရပြီး ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်များမှာ ပိုင်ဆိုင်ကြောင်း အထောက်အထာများ ယနေ့ထိတိုင် အောင်ပြသနိုင်ခြင်းမရှိသေးကြောင်း မုံရွာမြို့မရဲစခန်းမှ သိရှိရသည်။

ကိုတိုး ချင်းတွင်း