အင်တာနက်လိုင်းလွှင့်ပေးမယ့် မောင်းသူမဲ့လေယာဉ် ကုမ္ပဏီကို ၀ယ်ယူဖို့ Facebook ပြောဆို ညှိုနှိုင်းလျှက်ရှိ

ပို့စ်တင်ချိန် - 3/05/2014 08:25:00 PM


နောက်ဆိုရင် ကမ္ဘာမှာ အင်တာနက်မရတဲ့ နေရာတွေမှာ အင်တာနက်သုံးနိုင်ဖို့အတွက် လေထုထဲမှာ လွှင့်တင်ထား ရဖို့ ရှိနိုင်ပါတယ်။

နယူးမက္ကစီကို အခြေစိုက် မောင်းသူမဲ့လေယာဉ် ထုတ်ကုမ္ပဏီ (Titan Aerospace) ကို ၀ယ်ဖို့ Facebook က အသေးစိတ်ဆွေးနွေးနေပါတယ်။ Titan Aerospace ကထုတ်လုပ်မယ့် မောင်းသူမဲ့လေယာဉ်တွေဟာ နေရောင်ခြည်စွမ်းအင်သုံးဖြစ်ပြီး မြေပြင်အထက် ၁၂မိုင် အမြင့်မှာ ၅နှစ်ကြာ ဆက်တိုက် ပျံသန်းနေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လောလောဆယ်တော့ မပြီးစီးသေးပါဘူး။ အင်တာနက်မရတဲ့ ဒေသတွေရဲ့ ကောင်းကင်မှာ ပျံသန်းခိုင်းထားပြီး အင်တာနက်လိုင်း ထုတ်လွှင့်ပေးနိုင်ဖို့ ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေကို အသေးစိတ် ဆွေးနွေးပွဲနဲ့ အကျွမ်းတ၀င်ရှိတဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပြခဲ့တာပါ။ မှတ်ချက်တစ်စုံတစ်ရာ ပေးဖို့ Titan Aerospace က ပြောရေးဆိုခွင့်ရှိသူကို တောင်းဆိုခဲ့ရာမှာတော့ ဘာမျှ တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။

ဒီ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေး လုပ်ငန်း အရောင်းအ၀ယ်ဟာ ကန်ဒေါ်လာ သန်း၆၀ တန်ဖိုးရှိတယ်လို့ သိရပါတယ်။

Ref:usa.today.com
Trend Myanmar