ချီလီနိုင်ငံသူတဦး ခင်ပွန်းကို သတ်ပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခုတ်ထစ်ပြီး အိုးထဲ ထည့်ပြုတ်

ပို့စ်တင်ချိန် - 4/08/2014 03:55:00 PM



ချီလီနိုင်ငံသူ တယောက်ဟာ သူ့ခင်ပွန်းကို သတ်ဖြတ်ပြီး ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ခုတ်ထစ်ပြီး အိုးကြီးတလုံးထဲမှာ ထည့်ပြုတ်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ကက သူကို်ယ်သူ အာဏာပိုင်တွေ လက်ထဲ အပ်ခဲ့ပါတယ်။

သူတို့စုံတွဲဟာ ငွေကြေးကိစ္စနဲ့ စကားများပြီးနောက် အသက် ၃၉ နှစ်အရွယ် အမျိုးသမီး ရောက်စ်ဇာနာ ဗယ်ဒဲ့စ်ကာနိုက သူအဖော်ကို ပစ်သတ်ခဲ့တာလို့ ရဲအစီရင်ခံစာက ဆိုပါတယ်။

အဲဒီနောက် ခန္ဓာကိုယ်ကို ခုတ်ထစ်ပြီး အစိတ်အပိုင်းတွေကို အိုးကြီးထဲ ထည့်ပြုတ်ခဲ့ တယ်လို့ အခင်းဖြစ်ရာနေရာက အာဏာပိုင်တွေက ပြောပြီး ခေါင်းကိုလဲ ဖြတ်ထားတယ်လို့ ရဲဗိုလ်ကြီး ဟွမ်ကာရဲ့စ်ကိုက ပြောပါတယ်။

ရဲချုပ် ပက်ဒရိုဒိယက်စ်က ထိတ်လန့်စက်ဆုပ်စရာ လုပ်ရပ်အတွင်း ဗယ်ဒဲ့စ်ဟာ စိတ်ပြောင်းသွားပုံရပြီး သူကိုယ်သူ ရဲလက်အပ်ခဲ့တယ်လို့ ပြောပါတယ်။

အစကတော့ ခန္ဓာကိုယ်နဲ့ သက်သေတွေကို ဖျောက်ဖျက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် မလုပ်ရဲတော့လို့ မလုပ်နိုင် ဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဗယ်ဒဲ့စ်ကို ရဲစခန်း အချုပ်ခန်းမှာ ထိန်းသိမ်းထားပြီး ရဲတွေက လူသတ်မှုကို စုံစမ်းစစ်ဆေးနေပါတယ်။


DVB Burmese