နွေအပူရှိန်မြင့်တက်၍ ဈေးကန်မှ ငါးများသေဆုံး

ပို့စ်တင်ချိန် - 4/25/2014 08:59:00 AM


ရန်ကုန်၊ ဧပြီ ၂၂

ဒလမြို့နယ်၊ မြို့မ(၂)ရပ်ကွက် တွင် နေပူရှိန်မြင့်မားမှုကြောင့် ဈေးလမ်းရှိ ဈေးကန်တွင် ငါးများ သေဆုံးခဲ့သဖြင့် ကျန်ရှိသော ငါးများကို အခြားကန် သို့ ပြောင်း ရွှေ့ပေးခဲ့ရသည်ဟု မြို့မ (၂)ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးအေးငွေ က ဧပြီ ၂၂ရက်နေ့ကပြောသည်။

၎င်းက ““ဒီနှစ်မှာ နေအပူရှိန်ကလည်း တအားပြင်းတယ်။ နောက်ပြီး ရန်ကုန်မြစ်ရေချိုချိန် တုန်းကလည်း ရေမ သွင်းလိုက်ရ ဘူး။ နောက်ပြီး ရေအောက်က နွံ မဆယ်တာလည်း နှစ်အတော် ကြာတော့ အောက်ဆီဂျင် မရလို့ ငါးတွေသေကုန်တယ်။ ဒါနဲ့မြို့နယ် ကို တင်ပြပြီး ရေထဲမှာ အသက် ရှင်ကျန်နေတဲ့ ငါးတွေကို နတ်စင် ကန်ထဲ ကို သွားလွှတ်ပါတယ်””ဟု ပြောသည်။ ဖမ်းယူရသော ငါးများမှာ နှစ် ပိဿာခန့်ရှိပြီး ကောင်ရေ ၅၀ခန့် ရှိကြောင်း ထပ်လောင်းပြောကြားသည်။…

ယင်းကန်သည် ၀ါဆိုဝါခေါင် တွင် လမ်းမပေါ်မှာရေဆိုး ရေညစ် များ ကန်တွင်းသို့ဝင် ရောက်သည်။ အလျားပေ ၁၀၀ပတ်လည် လေး ထောင့်စပ်စပ်ကန်ဖြစ်ပြီး အနက် ပေ ၂၀ ခန့်ရှိသည်။ ဈေးသူ/သားများက သုံးရန် အတွက် အသုံးချကာ ပတ်ဝန်း ကျင် အိမ်များမှလည်း သုံးရန်သာ အသုံးပြုသည်။ အဆိုပါ မြို့နယ် သောက်သုံး ရေကန် ၁၀၀ ကျော်ခန့်ရှိပြီး မြို့ နေလူဦးရေနှင့် သောက်သုံးရေ မမျှတမှုကြောင့် နွေရာသီတွင် ရေရှားမှု ဒဏ်ကို ကောင်းကောင်း ခံစားရသဖြင့် အခြားမြို့နယ်များမှ သောက်ရေသန့်ဘူးများ လာရောက် လှူဒါန်းသည်ကို နှစ်စဉ်မြင်တွေ့ ကြားသိနေရသည်။ ““ရန်ကုန်-ဒလမြစ်ကူး တံတားကြီးပြီးရင်တော့ ဒီရေကိစ္စက အေးအေးဆေးဆေး ပါဗျာ။ ဒါပေမဲ့ ဒီစီမံကိန်းက ကျွန်တော်တို့ မီပါ့မလားမသိ””ဟု အသက် ၆၀ ကျော်အရွယ် ဒေသခံဦးခင်ဝင်းက ပြောသည်။

အောင်မင်း(ဒလ)
မြန်မာသံတော်ဆင့်ဂျာနယ်