ကားဗုံးထောင်စဉ် ရုတ်တရက်ပေါက်ကွဲမှုကြောင့် ဆီးရီးယားသူပုန် ၂၉ ဦး သေဆုံး

ပို့စ်တင်ချိန် - 4/08/2014 04:28:00 PM


Location: ဒမတ်စကတ်စ်

ဧပြီ ၆ ရက်က အလက်ပိုမြို့တွင် ဆီးရီးယားအစိုးရတပ်ဖွဲ့များက စည်ပိုင်းဗုံးများဖြင့်တိုက်ခိုက်ပြီးနောက် အပျက်အစီးများကြားရောက်နေသော ကလေးငယ်တစ်ဦးကို အမျိုးသားများက ကယ်တင်နေကြစဉ် (Hosam Katan/REUTERS)
ဆီးရီးယားနိုင်ငံ ဟွမ်းစ်မြို့၌ ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံး သူပုန် ၂၉ ဦး သေဆုံးသွားသည်ဟု ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

ပေါက်ကွဲမှုဖြစ်ပွားရာ နေရာတွင် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြန့်ကျဲနေပြီး ပျောက်ဆုံးသူ ဒါဇင်ပေါင်းများစွာ ရှိနေသောကြောင့် သေဆုံးသူဦးရေမှာ မြင့်တက်လာဖွယ်ရှိသည်ဟု ယင်းအဖွဲ့က ပြောကြားသည်။

ဧပြီ ၆ ရက်တွင် ဖြစ်ပွားခဲ့ သော ကားဗုံးပေါက်ကွဲမှုမှာ သူပုန်များ ထိန်းချုပ်မှုအောက်ရှိ ဟွမ်းစ်မြို့ စွန်မြို့ဖျား၌ ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းမြို့ကို ဆီးရီးယားသမ္မတ အာဆတ် တပ်ဖွဲ့ဝင်များက ဝိုင်း ထားသည်ဟုသိရသည်။

သူပုန်များ တိုက်ခိုက်မှုတစ်ခုအတွက် ကားဗုံးထောင်နေစဉ် ရုတ်တရက်ဗုံးထပေါက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့နှင့် နိုင်ငံပိုင် သတင်းဌာန SANA က ပြောကြားသည်။

သို့ရာတွင် အာဆတ်အစိုးရ တော်လှန်ရေးအဖွဲ့ SRGC ကမူ ဟွမ်းစ်မြို့စွန်ရှိ လက်နက်ဂိုဒေါင် တစ်ခုပေါ်သို့ ဒုံးကျည်တစ်ခုကျခဲ့ ခြင်းကြောင့် ပေါက်ကွဲခဲ့ခြင်းဖြစ် သည်ဟု ပြောကြားသည်။

ယင်းပြောကြားချက်ကိုမူ အ တည်မပြုနိုင်ခဲ့ပေ။

မြို့တော်ဒမတ်စကတ်စ်ရှိ အော်ပရာဇာတ်ရုံပေါ်သို့ ဧပြီ ၆ ရက်တွင် သူပုန်များ ပစ်ခတ်လိုက် သော မော်တာကျည်ဆန်ကျ ရောက်ခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့သည်ဟု နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။

မော်တာကျည်ဆန်များဖြင့် ပစ်ခတ်မှုကြောင့် မြို့တော်နေရာ အချို့တွင် လူ ၁၃ ဦး သေဆုံးခဲ့ သည်။ ဧပြီ ၆ ရက်တွင် ဒမတ်စ ကတ်စ်မြို့အရှေ့မြောက်ပိုင်းရှိ ဒူမားမြို့သို့ အစိုးရတပ်ဖွဲ့ဝင်များ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ်သုံးဦး အပါအဝင် အရပ်သားငါးဦး သေဆုံးခဲ့သည်။

မာလီဟာမြို့၌လည်း လေ ကြောင်းတိုက်ခိုက်မှုများအပြင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။               —Ref: AFP

7day daily