ရန်ကုန်မြို့တွင် အလုပ်သမား အခွင့်အရေး တောင်းဆိုဆန္ဒပြ

ပို့စ်တင်ချိန် - 5/01/2014 03:02:00 PM


ဒီနေ့ကျရောက်တဲ့ အလုပ်သမားနေ့ (မေဒေး) မှာ အလုပ်သမား ၂၀၀ လောက် အလုပ်သမားအခွင့်အရေးများ ရရှိရေးအတွက် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ နံနက် ၁၁ နာရီကနေ နေ့လယ် ၁ နာရီထိ တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။






မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများ ကွန်ရက်က စီစဉ်ခဲ့တာဖြစ်ပြီး အလုပ်သမား အခွင့်အရေးများအပြင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၄၃၆၊ ၅၉ (စ)၊ ပုဒ်မ ၂၁၆၊ ၄၁၈ အပြင် ၆ (ခ)၊ ၇ (ခ)၊ ၆၀ (ခ) စတဲ့ ပုဒ်မတွေ ပြင်ဆင်ရေးအတွက်လည်း ထည့်သွင်း တောင်းဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ-ထွန်းထွန်းသိန်း
DVB Burmese