ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် အမျိုးမျိုး ခြိမ်းခြောက်မှု များရှိနေ၊ သတိနဲ့ နေကြရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

ပို့စ်တင်ချိန် - 6/02/2014 02:46:00 PM




ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အမျိုးမျိုး ခြိမ်းခြောက်မှုများ ရှိနေ၍ သတိနှင့် နေကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား သတိပေး ပြောကြားသည်။ အထက်ပါ စကားအား နေပြည်တော် ကောင်စီ နယ်မြေတွင်းရှိ တပ်ကုန်း မြို့နယ်တွင် အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု ထောက်ခံ လက်မှတ်ရေး ထိုးရေး လူထုဟောပြောပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကျွန်မတို့ လှုပ်ရှားမှုကို မကြိုက်တဲ့ ပုဂ်္ဂိုလ်တွေ ရှိပါပြီ။ အကြောင်းရင်းက ဘာလဲဆိုတာ စဉ်းစားကြည့်ပါ။ ပေးတဲ့အကြောင်း တွေလည်း ကြည့်ပါ။ မတည်မငြိမ် ဖြစ်မှာစိုးလို့ ဆိုတဲ့ ဟာကို တော်တော် များများ ပြောကြတယ်။ ဒါလည်း ခြိမ်းခြောက်မှုပဲ၊ ကျွန်မတို့ ဘာမှ မတည်မငြိမ် ဖြစ်အောင် လုပ်နေတာ မဟုတ်ဘူး ဟု ၎င်း က အဆိုပါ အခမ်းအနားတွင် ထည့် သွင်းပြောကြားခဲ့သည်။

ယမန်နေ့က နေပြည်တော်ကောင်စီ အတွင်းရှိ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်တို့တွင် ပြည်သူလူထုမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ပြည်သူလူထု လက်မှတ်ရေးထိုး ထောက်ခံဆန္ဒ ဖော်ထုတ်ရေး ဟောပြောပွဲ များကို ဇွန်လ (၁) ရက် နေ့တွင် တစ် ပြိုင်နက် တည်းပြုလုပ်ခဲ့သည်။

ထို့ပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတို့ ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ လုပ်တယ်။ မတည်ငြိမ် ဖြစ်အောင် ဘာမှလုပ်ခဲ့ တာ မရှိဘူး။ အေးအေး ဆေးဆေးပဲ။ ပြည်သူတွေက နေပူထဲလုပ် လို့ရှိရင် ပြီးတဲ့ ထိထိုင်တာပဲ။ ပူပူလောင်လောင် ထဲမှာ အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ် စည်းကမ်း ရှိရှိနဲ့ နေကြပါတယ်။ အဲဒီတော့ ပြည်သူတွေ မတည်ငြိမ်မှာ စိုးလို့ ဆိုတာက တကယ်တော့ မတည်ငြိမ်အောင် လုပ်ချင်တဲ့ လူတွေက ပြောနေတာ လားလို့ ကျွန်မက အဲလို ပြောချင်ပါတယ်။ သတိနဲ့နေကြပါ။ အမျိုးမျိုး ခြိမ်းခြောက် တာတွေရှိမယ်။ အမျိုးမျိုး စိတ်ဝမ်းကွဲအောင် လုပ်တဲ့သူ တွေ ရှိမယ်။ အမျိုးမျိုး ဇဝေဇ၀ါ ဖြစ်အောင် နားယောင်အောင် လုပ်တဲ့ သူတွေရှိမယ် ဟု ဆက်လက် ပြောကြားခဲ့သည်။

မန္တလေး အောင်ပင်လယ်ကွင်းတွင် ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဟောပြောပွဲ မတိုင်မီမေလ (၁၅) ရက်နေ့က မန္တလေးမြို့တော် ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၁၄ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြု အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်မှ မိန့်ခွန်း ပြောကြား ခဲ့ ရာတွင် အခြေခံဥပဒေ ပြင်ဆင်ရေးကြောင့် တိုင်းပြည် ဆူပူမည်ကို စိုးရိမ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ကျွန်မတို့ လုပ်နေရခြင်းကလည်း ဥပဒေဘောင် အတွင်းက လုပ်နေတာပါ။ လွှတ်တော်ရဲ့ တာဝန်တွေကို ကျွန်မတို့ ယူနေတာ မဟုတ်ပါဘူး။ အခုလုပ် နေတဲ့ လှုပ်ရှားမှုဟာ လွှတ်တော်အတွင်းမှာ ရှိနေတဲ့ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထား ပါတယ်ဆိုတဲ့ ကိုယ်စားလှယ်တွေဟာ မိမိတို့ရဲ့ တာဝန်ကို မမေ့အောင်လို့ သတိပေးနေတာ ဖြစ်ပါတယ် လို့ ပြောချင်ပါတယ် ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းတို့ ပူးပေါင်း ကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်သူလူထုမှ လက်မှတ်ထိုး ထောက်ခံဆန္ဒ ထုတ်ဖော်ရေးအတွက် အရှိန် အဟုန် တိုးမြှင့် ဆောင်ရွက်နေသည်။

messenger news journal