နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များ ဇွန် ၃ ရက်တွင် မျက်နှာစုံညီဆွေးနွေးမည်

ပို့စ်တင်ချိန် - 6/02/2014 10:43:00 AM


လူသေဆုံးခဲ့သည်အထိ နှစ်နိုင်ငံ နယ်စပ်အကြား
 ပစ်ခတ် မှုများဖြစ်ပွားခဲ့ပြီးနောက် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်များ မျက်နှာ
စုံညီ ဆွေးနွေးပွဲ တစ်ခုကို ဇွန်လ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နှစ် ဖက်လုံခြုံရေး
အရာရှိများက ပြော ကြားသည်။


နှစ်နိုင်ငံ နယ်ခြားစောင့် တပ်များအကြား ဆွေးနွေးရန်အ တွက် ဘင်္ဂလားဒေ့ရှ်ဘက်မှကမ်း လှမ်းမှုကို ရရှိထားကြောင်း အ မှတ်(၄)ရဲတပ်ရင်းများ ကွပ်ကဲ ရေးအဖွဲ့မှ ရဲမှူးကြီးထွန်းဦးက ပြောသည်။

နှစ်နိုင်ငံ နယ်ခြားစောင့် တပ်များ၏ တပ်မှူးများအကြား တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၃ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ၏ ပြောကြားချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာအခြေ စိုက်အွန်လိုင်းသတင်းစာဖြစ် သည့် bdnews24.com က ဇွန် လ ၁ ရက်တွင် ရေးသားသည်။

နှစ်ဖက်အကြား ဆွေးနွေး မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ ဘဇား(သို့မဟုတ်) နတ်ကျောက် စာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ရဲမှူးကြီးထွန်းဦးက ပြောသည်။



ဘင်္ဂလားဒေ့ရှ်ဘက်မှ ၎င်း တို့နယ်ခြားစောင့်တပ်ဖွဲ့အရာရှိ ဟု ပြောကြားထားသည့် တပ် ကြပ်မိုဟာမက်မီဇာနူးရာမန် သေ ဆုံးခဲ့သည့် မေလ ၂၈ ရက် တိုက် ပွဲအပြီး ခြောက်ရက်ကြာ ကျင်းပ မည့် ယင်းအစည်းအဝေးတွင် နှစ် နိုင်ငံ နယ်စပ်တိုက်ပွဲများအရေး၊ RSO ကိစ္စစသည်တို့ အဓိကလွှမ်း မိုးဖွယ်ရှိကြောင်း မြန်မာနယ်ခြား စောင့်တပ် အရာရှိများက ပြော ကြားသည်။

ကျဆုံးသွားသည့် တပ်ကြပ် မိုဟာမက် မီဇာနူးရာမန် ဆိုသူ အား မြန်မာဘက်က ဖမ်းဆီးသွား ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဘက်က စွပ်စွဲထားချက်ကို မြန်မာ အစိုးရက မေလ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင်  ငြင်းဆိုထားသည်။

ဘင်္ဂလားဒေ့ရှ် ဘက်က နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိဟု ရည်ညွှန်းသောသူ သည် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့၏ ယူနီဖောင်းဝတ် ဆင်ထားသူများ မဟုတ်ဘဲ မြန်မာပိုင်နက်အတွင်းသို့ ၀င်ရောက်ခဲ့ သည့် မသင်္ကာဖွယ် ပိုင်နက်ကျူး ကျော်လာသူသာဖြစ်ကြောင်း တုံ့ ပြန်သည်။

7 Day news Daily