မီးပွိုင့်မီးနီ၍ရပ်နေသော ရထား၏နောက်တွဲအား မြို့ပတ်ရထားမှ ၀င်ရောက်တိုက်မိ

ပို့စ်တင်ချိန် - 6/02/2014 08:26:00 PM


၂.၆.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာ ကြားရှိ မိုင်တိုင်အမှတ်
AA-102၊ မီးပွိုင့်အမှတ် A-95 တွင် မီးပွိုင့်မီးနီ၍ရပ်နေသော
စက်ခေါင်းအမှတ် RBE-2540(အင်ကြင်း-၂) သီလ၀ါ-ရန်ကုန်
ရထား၏နောက်တွဲအား ရွာသာကြီးဘက်မှ ရန်ကုန်သို့ မောင်းနှင်
လာသော စက်ခေါင်းအမှတ် DD-918 (မင်းသား-၇)မြို့ပတ်ရထားမှ တိုက်မိခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့တိုက်မိမှုကြောင့် အင်ကြင်း-၂ ရထားပေါ်ပါခရီးသည် ကျား(၃)ဦး၊ မ(၁)ဦးနှင့် မင်းသား-၇ မြို့ပတ်ရထားစက်ခေါင်းမောင်းသူတို့တွင်
ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ
(မစိုးရိမ်ရ)များအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါရထား(၂)စင်းတိုက်မိမှုကြောင့် ရထားတွဲများလမ်းချော်သွား
ခဲ့သဖြင့် တာဝန်ရှိသူများ ရောက်ရှိ ပြီး စစ်ဆေးပြုပြင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police